DVB Logo
Home
မြန်မာသတင်း
မြို့ ၅ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
DVB
·
August 13, 2018
မြို့ ၅ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
Donate to DVB

ဒီနေ့မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ ဇလွန်၊ မဒေါက်၊ ဘားအံ၊ သာပေါင်းနဲ့ မအူပင်မြို့တို့ရဲ့ မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဧရာဝတီမြစ်ရေဟာ ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၁၆ဝ ကနေ ၁၁၆၁ စင်တီမီတာ၊ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁ဝ၇ဝ ကနေ ၁ဝ၇၇ စင်တီမီတာ၊ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅ဝ ကနေ ၈၄၆ စင်တီမီတာ၊ ငဝန်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၂ဝ ကနေ ၆၂၂ စင်တီမီတာ၊ တိုးမြစ်ရေဟာ မအူပင်မြို့ရဲ့ စိုးရိမ်ရေမှတ် ၇၂ဝ ကနေ ၇၄၂ စင်တီမီတာအထိ အသီးသီး ကျော်လွန်ရောက်ရှိနေပါတယ်။

မြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိဖို့ နီးစပ်နေတဲ့ မြို့တွေကတော့ ဆိတ်သာ၊ ဟင်္သာတ၊ မြစ်ငယ်၊ ငါးသိုင်းချောင်းနဲ့ ပုသိမ်မြို့တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013