
စပါးကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ဟာ လိဒ်စ်နဲ့ (၁-၁) ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ပင်နယ်တီရသင့် ကြောင်း သက်သေပြတဲ့ ရုပ်သံအသစ်ကို ချပြခဲ့ပြီး ဒိုင်လူကြီးတွေဟာ VAR ကြောင့် ဆုံးဖြတ်ချက် ချဖို့ ကြောက်ရွံ့နေကြတယ်လို့ ဝေဖန်လိုက်ပါတယ်။
ဒဏ်ရာကပြန်လာတဲ့ မက်ဒီဆင်ဟာ ပွဲနှောင်းပိုင်းမှာ လိဒ်စ်ကစားသမား အန်မက်ချာရဲ့ ဖျက်ထုတ်မှုကြောင့် လဲကျခဲ့ပေမဲ့ ပင်နယ်တီ ငြင်းပယ်ခံခဲ့ရတာပါ။
မက်ဒီဆင်က ဘောလုံးကို အရင်ထိခဲ့တာ သူကိုယ်တိုင်ဖြစ်ကြောင်း အင်စတာဂရမ်မှာ ရှင်းလင်းခဲ့ပြီး ဒိုင်တွေဟာ ကွင်းတွင်းဆုံးဖြတ်ချက်ချဖို့ ထိတ်လန့်နေကြတယ်လို့ ရေးသားခဲ့ပါတယ်။
နည်းပြ ဒီဇာဘီကလည်း ဒိုင်လူကြီးတွေ ဖိအားဒဏ်ကြောင့် တည်ငြိမ်မှုမရှိခဲ့ကြောင်း ထောက်ပြ ထားပါတယ်။
Photo: Reuters










