DVB Logo
Home
မြန်မာသတင်း
သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် မွမ်းမံပြင်ဆင်ရေး ၀ိုင်းဝန်းပံ့ပိုးရန် နှိုးဆော်
DVB
·
July 27, 2012
သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် မွမ်းမံပြင်ဆင်ရေး ၀ိုင်းဝန်းပံ့ပိုးရန် နှိုးဆော်
Donate to DVB

ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန်ကို အကြီးစား မွမ်းမံပြင်ဆင်ဖို့ ကြိုးပမ်းနေရာမှာ နိုင်ငံတော်အစိုးရနဲ့ ဆရာကြီးကို ချစ်ခင်ကြည်ညိုလေးစားသူတိုင်း ၀ိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးကြရန် ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က နှိုးဆော်လိုက်ပါတယ်။

၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ ဗိမာန်အမိုးနဲ့ အခင်းကြမ်းပြင်တို့ကို ဆရာကြီးကွယ်လွန်ခြင်း ၄၈ နှစ်ပြည့် ဇူလိုင် ၂၃ ရက်မတိုင်မီ ပြင်ဆင်နိုင်ခဲ့ပြီး ဗိမာန်ဝင်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

အခုဆက်ပြီး သပ်ရပ်ခန့်ညားပြီး ထင်ရှားလေးနက်တဲ့ ဗိမာန်ဖြစ်ပေါ်ရေး ကြိုးပမ်းနေရာမှာ ငွေကျပ်သိန်း ၁၀၀၀ လောက် ကုန်ကျနိုင်တာမို့ ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့ လိုအပ်တဲ့အကြောင်း ဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းဝင်းငြိမ်းက ပြောပါတယ်။

သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဖွဲ့စည်းနိုင်ခဲ့ပြီး ဂူဗိမာန် ရေရှည်တည်တံ့ဖို့ ကြိုးပမ်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဆရာကြီးရဲ့ ဂူဗိမာန်ဟာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းမှာ တည်ရှိပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တို့ရဲ့ ဂူဗိမာန်တွေနဲ့ ဆက်စပ်တည်ရှိနေပါတယ်။

ဂူဗိမာန်ကို ၄၅ ပေပတ်လည်အကျယ် မြေကွက်ပေါ်မှာ တည်ဆောက်ထားပြီး၊ ၁၉၆၆ ခုနှစ် ဇူလိုင်၂၃ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/master mhai/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013