Home
မြန်မာသတင်း
အဂတိကင်းစင်သည့် တရားစီရင်ရေးဖြစ်ရန် ဒေးဒရဲ ကျောင်းဆရာများ ဆန္ဒပြ
ဇေယျာချမ်းအေး
·
August 12, 2018
39068295_1938122062911943_2114283013931008000_o
38928785_1938121626245320_8154786497187282944_o
38908954_1938122169578599_5616889759340167168_o
38905591_1938121772911972_1622274959483076608_o
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် လေးကျေးရွာ အလယ်တန်းပြ ဆရာ ဦးမြင့်သိန်းနဲ့ ကျောင်းအကျိုးဆောင်တို့ကို ပညာရေးဌာနခွင့်ပြုချက်မယူဘဲ ဖမ်းဆီးချုပ်နှောင်ထားတာကို မကျေနပ်လို့ ကျောင်းသား ဆရာ မိဘပြည်သူ ၄၀၀ ကျော်က သြဂုတ် ၁၂ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆရာနဲ့ ကျောင်းကော်မတီတို့ကို အခု တရားလိုပြုတိုင်တန်းထားတဲ့ ဦးခင်လတ်က ၂၀၀၀ ပြည့်နှစ် သူကျောင်းကော်မတီ ဥက္ကဋ္ဌဖြစ်ချိန်မှာ ၆.၀၆ ဧကရှိတဲ့ ပုံစံ ၁၀၅ ကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်လယ်ပိုင်ရှင်တွေက ဒေါ်စိန်ရှင်နဲ့ အ.လ.က မြေတွေဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ အလယ်တန်းပြဆရာ ဦးမြင့်သိန်းက ပညာရေးဌာနညွှန်ကြားချက်နဲ့ ပုံစံ ၁၀၅ ရှိလို့ လန ၃၉ ကို ဌာနခွင့်ပြုချက်နဲ့ လျှောက်ထားခဲ့တာပါ။ ဒေးဒရဲမြို့နယ် ပညာရေးမှူး ဒေါ်တင်အုန်းက “ကျမတို့မရှိချိန် ကျမတို့ခွင့်ပြုချက်ကို မယူဘဲ ဖမ်းဆီးသွားတာပါ။ မတရားမှု ဖြစ်ပါတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်ထိ အဲဒီလယ်မြေတွေဟာ ကျောင်းပိုင်မြေတွေဖြစ်ပြီး ၂၀၁၃ ခုနှစ်က မြို့နယ်မြေစာရင်းရုံးမှာ တိုင်းကြားသူ ဦးခင်လတ်နဲ့ဒေါ်ထွားတို့က ပုံစံ ၇ ထုတ်ယူထားပြီး အဲဒီအကြောင်းအရင်း ကိစ္စတွေကို ပညာရေးဌာနနဲ့ ကျေးရွာအုပ်ချုပ်ရေးဌာနတို့က တရားရုံးစွဲတင်တဲ့အချိန်မှာသာ သိရှိခဲ့ပါတယ်။ လေးကျေးရွာ အထကခွဲကျောင်း မကျခင်အချိန် တွဲအလက နဲ့ အဲဒီရွာမှာ သင်ကြားနေချိန် အခုတိုင်တန်းတဲ့ ဦးခင်လတ်အကိုဖြစ်သူက အဲဒီတွဲအလက လေးကျေးရွာမှာ စာသင်ကြားဖို့ ရွာက ငှားထားတဲ့ ကျောင်းဆရာဖြစ်ပြီး အဲဒီကျောင်းကို အုပ်ချုပ်လုပ်ကိုင်ခွင့်ရခဲ့တဲ့သူ ဖြစ်ပါတယ်။ တရားဝင် အလကကျောင်း ကျလာချိန်မှာ အစိုးရ ဆရာဆရာမတွေနဲ့ ဆက်လက်သင်ကြားခဲ့တဲ့အတွက် အခုတိုင်တန်းသူရဲ့အကို လုပ်ကိုင်ခွင့်မရှိတော့တဲ့အချိန်မှာ အခုလိုကိစ္စမျိုးတွေ ဖြစ်လာခဲ့တာပါ။ လက်မှတ်အတု လိမ်လည်ထိုးခဲ့တယ်ဆိုတဲ့ ကျောင်းဆရာလက်မှတ်ကို CID က စာရွက်စာတမ်းအားနည်းလို့ တစ်စုံတစ်ရာမှတ်ချက်မပေးလိုပါလို့ ပြန်ကြားခဲ့ပေမယ့် တရားစွဲအမှုအစည်းက ၄၂၀/၄၆၈ နဲ့ အမှုဖွင့်ရုံးတင်ပြီး ဩဂုတ်လ ၂ ရက်နေ့မှာ ဌာနခွင့်ပြုချက်မတောင်းပဲ ချုပ်နှောင်ခဲ့တာပါ။ တရားစွဲတင်မယ့်ကိစ္စကို စွပ်စွဲခံရတဲ့သူတွေက မသိရှိဘဲ ကျုံဒါးနယ်မြေစာခန်းမှူးက အဲဒီကိစ္စကို စစ်ဆေးဖို့ရှိတယ်လို့ ခေါ်ယူခဲ့ပြီး ဒေးဒရဲမြို့ကိုရောက်မှ ဥပဒေအရာရှိကိုတင်ကာ အဲဒီနေ့မှာပဲ ဥပဒေအရာရှိက ၄၂၀ /၄၆၈နဲ့ ရုံးတင်ဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအမှုကို တိုင်တန်းသူ ဦးခင်လတ်က ၂၀၁၈ ခုနှစ် ၁ လပိုင်းမှာ တိုင်တန်းခဲ့တာဖြစ်ပါတယ်။ ၁၃ ရက်နေ့မှာ ဒေးဒရဲမြို့နယ် တရားရုံးမှာ အဲဒီကျောင်းဆရာနဲ့ကျောင်းအကျိုးဆောင်ကို ပထမဆုံးအကြိမ်ရုံးထုတ်မှာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024