
အရှေ့တီမော ၀န်ကြီးချုပ် ဇန်နာနာ ဂါမိုစ် (Xanana Gusmao) ရဲ့ စီအန်အမ်အာရ်တီ (CNRT) ပါတီက မဟာမိတ်အစိုးရဖွဲ့ဖို့ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့တပတ် ရွေးကောက်ပွဲမှာ သူပါတီက နေရာအများစုကို အနိုင်ရခဲ့ပေမယ့် အဓိက အစိုးရဖွဲ့နိုင်တဲ့ အထိတော့ မရခဲ့ပါဘူး။ အရင်တပတ် တနင်္ဂနွေနေ့ကလည်း နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ပါတီက ကျင်းပခဲ့ပြီး မဟာမိတ်လက်တွဲဖော်အတွက် ဘယ်ပါတီကို ဖိတ်ကြားရမယ်ဆိုတာ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနေ့မှာ မြို့တော် ဒီလီ (Dili) မှာ အကြမ်းဖက်တဲ့ ဖြစ်ရပ် အမြောက်အမြားနဲ့ အဆုံးသတ်ခဲ့ ပါတယ်။ ရေဒီယို သြစတြေးလျ သတင်းထောက် ဆာရာအဲဗားရင်းဟမ် (Sara Everingham) က သတင်းပေးပို့ ထားပါတယ်။











