DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်သူများပြန်လာရေး အခြေအနေ ကောင်းမွန်အောင် ဖန်တီးပေးရန်လိုဟု ဘင်္ဂလားဒေ့ရှ် ပြော
DVB
·
August 12, 2018
နေရပ်စွန့်သူများပြန်လာရေး အခြေအနေ ကောင်းမွန်အောင် ဖန်တီးပေးရန်လိုဟု ဘင်္ဂလားဒေ့ရှ် ပြော
Donate to DVB

နေရပ်စွန့်ခွာသူတွေ ပြန်လာနိုင်ရေး အခြေအနေတွေ ကောင်းမွန်အောင် ဖန်တီးပေးဖို့ အရင်ဆုံး လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးရာဝန်ကြီး ကာမွတ်အလီက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို သြဂုတ် ၁၁ ရက်နေ့က သွားရောက်ပြီး ပြန်လည် လက်ခံရေးစခန်းတွေ၊ ကြားစခန်းတွေနဲ့ နယ်စပ်ခြံစည်ရိုးတို့ကို သွားရောက်လေ့လာခဲ့ပါတယ်။

အဲဒီကနေအပြန်မှာ ဒုက္ခသည်တွေ နေရပ်ပြန်လာရေးနဲ့ ပက်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီကို ဒီဗွီဘီက မေးမြန်းရာမှာ အခုလို ဖြေကြားသွားပါတယ်။

“အရင်ဆုံး အခြေအနေတွေ ကောင်းမွန်အောင်ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ဒုက္ခသည်တွေ ပြန်လာကြမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့က ကိုယ့်အိုးကိုယ်အိမ်မှာ နေထိုင်ရဖို့ လိုပါတယ်။ အခုကျနော်တို့ အိမ်တွေကို မြင်တွေ့ပြီးပါပြီ။ ဒီတော့ကာ ဒုက္ခသည်တွေအနေနဲ့ပြန်လာပြီး အဲဒီအိမ်တွေမှာ ယာယီနေထိုင်နိုင်ပါတယ်။ နောက်ပြီး သူတို့အိုးအိမ်တွေကိုလည်း သူတို့တည်ဆောက်နိုင်ပါတယ်။ သူတို့တွေအနေနဲ့ ရွက်ဖျင်တဲတွေမှာ လာနေလို့ ရပါတယ်။ ဒါတွေက အရန်ထားရှိတာပါ။ ဒါ့အပြင် ပထမအသုတ်ပြန်လာတဲ့ သူတွေအဖို့ အခုဆောက်လုပ်ထားတဲ့ အိမ်တွေမှာ နေကြရပါမယ်။ လက်ခံရေးစခန်းတွေမှာ နေကြရမှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဟာ မောင်တောဒေသ ပန်းတောပြင်မှာ ပြန်လည်ဆောက်လုပ်ထားတဲ့ နေအိမ်တွေ၊ ကိုင်းကြီး မြိုရွာမှာ ဆောက်လုပ်ထားတဲ့ နေအိမ်တွေကိုပါ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒီခရီးစဉ်မှာတော့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်တို့တို့ အတူလိုက်ပါခဲ့ကြပါတယ်။

သြဂုတ်လ ၁ဝ ရက်နေ့ကလည်း နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေနဲ့ ပတ်သက်လို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဝန်ကြီးအဆင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး အချက် ၈ ခုသဘောတူ အတည်ပြုနိုင်ခဲ့တာပါ။

လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “ဘင်္ဂလာဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ နှစ်ငံသဘောတူစာချုပ်ရှိတယ်။ အဲ့ဒီအပြင် UNDP, UNHCR တို့နဲ့လည်း စာချုပ်ထားတယ်။ MOU ထိုးထားတာ ရှိတယ်ပေါ့။ ဒီစာချုပ်တွေနဲ့ မူတည်ပြီးတော့ နှစ်နိုင်ငံလုံးက လိုက်ပါဆောင်ရွက်ရမှာပဲလေ” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီအဖွဲ့ရဲ့ ခရီးစဉ်အတွင်းမှာ လေဆိပ်အပါအဝင် စစ်တွေမြို့နေရာ အနှံ့အပြားမှာ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ်ချထားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို သိန်းချီ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ ၂ နှစ်အတွင်း နေရပ် ပြန်လာရေးအတွက် နှစ်နိုင်ငံ အစိုးရတွေ ဒီနှစ်အစပိုင်းမှာ သဘောတူထားပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟာ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အဆင်ပြေဖို့အတွက် မောင်တောမှာရှိတဲ့ စခန်းတွေကို လာရောက်လေ့လာတာပါ။

သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013