DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဆင်များနေ့တွင် ဆင်ဘူဖေးအစာကျွေးပွဲ ကျင်းပ
DVB
·
August 12, 2018
ကမ္ဘာ့ဆင်များနေ့တွင် ဆင်ဘူဖေးအစာကျွေးပွဲ ကျင်းပ
1 / 7
Donate to DVB

ကမ္ဘာ့ဆင်များနေ့ အခမ်းအနားနဲ့ ဆင်ဘူဖေးအစာကျွေးပွဲတခုကို ပြည်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့မှာကျရောက်တဲ့ World Elephant Day အခမ်းအနားပွဲတခုကို ပြည်မြို့က ပြည်ကျွန်းတောဆင်စခန်းမှာ ပြုလုပ်ခဲ့ကြပြီး ဆင်တွေကို ဘူဖေးအစာကျွေးပွဲ တခုပြုလုပ်ခဲ့ကြပါတယ်။

လက်ထောက် အထွေထွေမန်နေဂျာ ဦးတင်မင်းဦးက “ကမ္ဘာပေါ်ကဆင်တွေကို ကာကွယ်ထိန်းသိမ်းဖို့ရည်ရွယ်ပြီး ၂ဝ၁၂ ခုနှစ်က ကနေဒါ နိုင်ငံသား Patricia Sin နဲ့ ထိုင်းနိုင်ငံ အခြေစိုက် Elephant Reintroduction Foundation ရဲ့ အထွေထွေအတွင်းရေးမှူး Sivaporn Dardaranand တို့က ၁၂ ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့လို့ စတင်သတ်မှတ်ပြီး ကျင်းပခဲ့တာပါ။ ပြည်မြို့မှာတော့ အခုနှစ်မှ ကျင်းပတာ” လို့ ရှင်းပြပါတယ်။

“မြန်မာနိုင်ငံမှာ တလကို ဆင်တကောင်နှုန်း အသတ်ခံနေရပြီး ဆင်တွေကို လူတွေက ချစ်တတ်လာအောင် ဆင်တွေကို သံယောဇဉ်ဖြစ်လာအောင်လို့ အခုလိုပွဲမျိုးတွေ ကျင်းပဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရဌာနပိုင် ဆင်ကောင်ရေ ၃ဝ၇ဝ ခန့်ရှိပါတယ်”လို့ လက်ထောက်မန်နေဂျာ ဒေါ်ယဉ်မင်းဦး က ရှင်းပြပါတယ်။

ဒီနေ့ အခမ်းအနားကို ပြည်မြို့ကနေ ရန်ကုန်မြို့ဘက်ကို အထွက်မှာရှိတဲ့ ဘရန်းဒစ် ကျွန်းတောကြီးထဲမှာဖွင့်ထားတဲ့ အပျော်စီးဆင်စခန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး စခန်းထဲမှာရှိတဲ့ ဆင် ၅ ကောင်ကို ဆင်အစာ ဘူဖေးကျွေးပွဲနဲ့ ဧည့်သည်တွေကို ဆင်အကတွေနဲ့ ဖျော်ဖြေပေးခဲ့ ကြပါတယ်။

သတင်း -‌ မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013