DVB Logo
Home
မြန်မာသတင်း
ထိုင်းဘတ်ငွေအပြောင်းအလဲနှင့် ရေဘေးကြောင့် တင်သွင်းသည့်ကုန်ပစ္စည်းများ ဈေးတက်
DVB
·
August 12, 2018
ထိုင်းဘတ်ငွေအပြောင်းအလဲနှင့် ရေဘေးကြောင့် တင်သွင်းသည့်ကုန်ပစ္စည်းများ ဈေးတက်
Donate to DVB

ထိုင်းငွေကြေးဘတ်ဈေးအပြောင်းအလဲနဲ့ ရေဘေးဒဏ်ကြောင့် ထိုင်းနိုင်ငံကသွင်းတဲ့ ကုန်ပစ္စည်းတွေ ဆယ်ရာခိုင်နှုန်းအထိ ဈေးတက်သွားပါတယ်။  

ထိုင်းနိုင်ငံက တင်သွင်းတဲ့အဝတ်အထည်၊ လူသုံးကုန်နဲ့ စားကုန်တွေမှာ ကျပ်ငါးဆယ်၊ ၁၀၀ ကနေ ဆယ်ရာခိုင်နှုန်းအထိ ဈေးတက်သွားတယ်လို့ ယုဇန ပလာဇာနဲ့ ညောင်ပင်လေး ပလာဇာ ဈေးကွက်က ဆိုပါတယ်။

လမ်းမတော်မြို့နယ် ကုန်စုံဆိုင် လက်ကားဝယ်သူ ကိုမျိုးလှိုင်က “ခေါက်ဆွဲခြောက် တစ်ပါကင်ကို ကျပ် ၆၀၀၊ ၇၀၀ လောက်တက်သွားတယ်။ ယိုးဒယားကလာတဲ့ခေါက်ဆွဲ ခြောက်လေ၊ အစက ၅၀၀၀ ဆိုရင် ၆၇၀၀ လောက်ဖြစ်သွားတယ်။ အစကဝယ်တာက ၅၀၀၀ ဆိုရင် ၅၀၀၀ တောင်မပြည့်ဘူး”လို့ ပြောပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ကနေ သြဂုတ်လ ၁၀ ရက်အတွင်း ထိုင်းဘတ်ငွေဈေး ကျပ် ၁၀၀ နီးပါး ဈေးတက်လာတဲ့အပြင် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ရေဘေးကြောင့် လမ်းပန်း ဆက်သွယ်ရေးအခက်အခဲတွေ ရှိခဲ့တာကြောင့် နယ်စပ်ကဝင်တဲ့ ထိုင်းကုန်ပစ္စည်းတွေမှာ ဈေးနှုန်းအပြောင်းအလဲ ဖြစ်လာတာပါ။ ဒါ့အပြင် ကုမ္ပဏီကသွင်းတဲ့ ရေလမ်းကလာတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းကတော့ ထိန်းထားတယ်လို့ ဆိုပါတယ်။

ရွှေကံ့ကော် ကိုသီဟက “သက်ရောက်မှုကတော့ ရှိတာပေါ့နော်၊ ငွေဈေးတွေကလည်း တက်တော့ ကျနော်တို့နိုင်ငံကလည်း အင်ပို့တွေချည်းစားတော့ ဈေးနှုန်းအပြောင်းအလဲ တွေတော့ ရှိတာပေါ့၊ ကုမ္ပဏီတော်တော်လေးကို ထိန်းကြပါတယ်။ တော်ရုံတန်ရုံ စတော့ခ် ရှိတာတွေ မတင်ပါဘူး။ စတော့လုံးဝ ..အရမ်းကြီးလည်း မတက်ကြပါဘူး။”လို့ ပြောပါတယ်။

ယုဇနပလာဇာ ရွှေမြိုင်စတိုးက ကိုနန်းထိုက်က “အရောင်းအဝယ်ကတော့ ရေကြီးနေတော့ ပစ္စည်းကနည်းနည်းလေး ဈေးတက်သလိုဖြစ်တာပေါ့”လို့ ပြောပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာကအစပျိုးပင်အပါအဝင် ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းတွေ၊ စားကုန်နဲ့ လူသုံးကုန်ပစ္စည်းစတာတွေကို ထိုင်းနိုင်ငံကနေ အဓိကထား တင်သွားနေရပါတယ်။ ထိုင်းဟာ မြန်မာနိုင်ငံအတွက် ဒုတိယအကြီး ဆုံးမှီခိုနေရတဲ့ သွင်းကုန် နိုင်ငံပါ။ ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ  တနှစ်ကို အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ဝန်းကျင်ရှိပါတယ်။

ရူပါအောင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013