DVB Logo
Home
မြန်မာသတင်း
မူးယစ်​​ဆေးဝါးနှင့် လက်​နက်​များ ​တောင်​ငူမြို့တွင် ဖမ်းဆီးရမိ
DVB
·
August 12, 2018
မူးယစ်​​ဆေးဝါးနှင့် လက်​နက်​များ ​တောင်​ငူမြို့တွင် ဖမ်းဆီးရမိ
Donate to DVB

ပဲခူးတိုင်း​ဒေသကြီး တောင်​ငူမြို့နယ်​ ကံရိုး​ကျေးရွာ ရန်​ကုန်​၊ မန္တ​လေး ကားလမ်းမ​ဟောင်း​ ဘေးရှိ သွန်း​ရွှေစင်စတိုး​ဆိုင်​​ရှေ့မှာ အမျိုးသားတဦးဆီကနေ WY​ စိတ်ကြွဆေးပြားတွေနဲ့  လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်​လို့​ တောင်​ငူခရိုင် ​ရဲတပ်​ဖွဲ့က ပြောပါတယ်​။

ဖားသုဟာ​ တောင်​ငူအမှတ်​ ၃ နယ်​​မြေရဲစခန်းက မူးယစ်ဆေးဝါးများနှင့် စိတ်ကို ပြောင်းလဲစေသော​ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(ဂ)/၂ဝ(က)/၂၂(ခ)/၂၁ နဲ့ အမှုဖွင့်ခံ ထားရတဲ့ တရားခံ​ပြေးတဦးဖြစ်ပြီး ဖမ်းဆီးရမိရေးအတွက် အမာခံသတင်း​ပေး​တွေ၊ မူးယစ်​ အထူးအဖွဲ့ငယ်​​တွေ၊ နယ်​​မြေခံရဲစခန်း​တွေ​ပေါင်းပြီး စောင့်ကြည့်ခဲ့တာလို့ ပဲခူးတိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့ မူးယစ်​အထူးအဖွဲ့ငယ်​မှ ရဲအုပ်​တင်​ဦးက ပြောပါတယ်။

“သူဟာ ​တောင်​ငူမြို့ကို မကြာမကြာ လာ​ရောက်​တယ်​လို့ သတင်းရရှိတယ်​။ အဲ့ဒါ​ကြောင့် ကျနော်​တို့ရဲ့​စောင့်ကြည့်တဲ့အခါမှာ ၁ဝ ရက်​​နေ့ညက လမင်းအိမ်​တည်းခိုခန်းမှာ လာပြီး​တော့ တည်းတယ်​လို့ အမာခံသတင်း​ပေးက​ပြောပါတယ်​။ သူ့မှာ လက်​နက်​​တွေ၊ လက်​ပစ်​ဗုံး​တွေ ပါတယ်​လို့လည်း သတင်းရထားပါတယ်​။ ဒီ​ကောင်​က လက်​ကလည်း ယဉ်​တယ်​။ သူ့ကိုဖမ်းတာ နဲ့ လက်​ပစ်​ဗုံးနဲ့ခွဲမယ်​ သေနတ်​နဲ့ပစ်​မယ်​လို့ သတင်း​တွေလည်း ရတဲ့အတွက်​​ သေချာစီမံပြီး​ ဖမ်းဆီးဖို့​ဆောင်​ရွက်​ပါတယ်​။ အဲ့အချိန်​မှာ သူက လမင်းအိမ်​တည်းခိုခန်းက ကားနဲ့ထွက်​သွား ပါတယ်​။ ကျနော်​တို့ ​နောက်​​ယောင်​ခံလိုက်​ပြီး ​တောင်​ငူမြို့နယ် ​ကံရိုး​ကျေးရွာက သွန်း​ရွှေစင် ​စတိုးဆိုင်​​ရှေ့မှာ ကားရပ်​ပြီး ကား​ပေါ်က ဆင်းဆင်​ချင်းမှာ ဖမ်းဆီးခဲ့ပါတယ်​။”

တရားခံပြေး ဖားသုဆီကနေ ငွေ ၂၂ သိန်း​ကျော်၊ မူးယစ်​ဆေးဝါး ၅၄၈၁ ပြား၊ M-38 ပစ္စတိုစတီးရောင် BABILON DOY CIAVITORIA (အင်္ဂလိပ်စာတမ်းပါ) ၁ လက်၊ 9MM ပစ္စတိုကျည် ၅ တောင့်၊ ၃၈ SUPER AUTO စာတမ်းပါ ကျည်​ ၇​ တောင့်၊ ပွိုင့်တူးတူးကျည် ၆​ တောင့်၊​ ရွှေရောင်​ဆေးမှုတ်​ထားတဲ့ နာနတ်သီးဗုံး တ​လုံး၊ ငွေရောင်ခြောက်လုံးပြူး​သေနတ်​ ပုံစံ ဂက်စ်မီးခြစ် ၁ ခုနဲ့ MARK-X အမျိုးအစား ခဲရောင်ဆလွန်းကားတ​စီးတို့ သိမ်းဆည်းရမိခဲ့တယ်​ လို့လည်း သိရပါတယ်​။

သတင်း - သားကြီး (တောင်ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013