
ဒီနေ့မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ မဒေါက်၊ ဘားအံနဲ့ မအူပင်မြို့တို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေ ၁ဝ၇ဝ ကနေ ၁ဝ၇၉ စင်တီမီတာ၊ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅ဝ ကနေ ၈၃၈ စင်တီမီတာ၊ တိုးမြစ်ရေဟာ မအူပင်မြို့ရဲ့ စိုးရိမ်ရေမှတ် ၇၂ဝ ကနေ ၇၂၂ စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
မြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိဖို့ နီးစပ်နေတဲ့ မြို့တွေကတော့ ပခုက္ကူ၊ ညောင်ဦး၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ မြစ်ငယ်၊ ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ ပုသိမ်မြို့တို့ ဖြစ်ပါတယ်။
စိုးရိမ်ရေမှတ် အထက်ကျော်လွန်ရောက်ရှိနေတဲ့ မြို့တွေရဲ့ မြစ်ကမ်းအနီးနေသူတွေနဲ့ မြေနိမ့်ပိုင်းနေသူတွေ အထူးသတိပြုကြဖို့လည်း မိုးဇလက အကြံပြုထားပါတယ်။











