DVB Logo
Home
မြန်မာသတင်း
လူငယ်​​များ ဂိမ်းဆိုင်​​ရောက်​​သည့်ပြဿနာ ဝန်ကြီးဌာနများ စုပေါင်းဖြေရှင်းရမည်ဟု အတိုင်ပင်ခံပြော
DVB
·
August 11, 2018
လူငယ်​​များ ဂိမ်းဆိုင်​​ရောက်​​သည့်ပြဿနာ ဝန်ကြီးဌာနများ စုပေါင်းဖြေရှင်းရမည်ဟု အတိုင်ပင်ခံပြော
1 / 7
Donate to DVB

လူငယ်​​အများစု ဂိမ်းဆိုင်​​ရောက်​​နေတဲ့ ပြဿနာကို ဝန်​ကြီးဌာ​န​တွေ စု​ပေါင်း​ဖြေရှင်းမှရမယ်​လို့​ နိုင်​​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​က ​ပြောဆိုလိုက်​ပါတယ်​။

မန္တ​လေးတက္ကသိုလ်​မှာကျင်းပတဲ့ လူငယ်​ဘက်​စုံဖွံ့ဖြိုး​ရေးပွဲ​တော်​အတွင်း နိုင်​ငံ​တော် ​အတိုင်​ပင်​ခံနဲ့​ ကျောင်းသားလူငယ်​​ရဲ့ စာပေစကားဝိုင်းမှာ ပြောတာပါ။

သတင်းအချက်အလက်နဲ့ နည်းပညာတက္ကသိုလ်ကျောင်းသူ မနန္ဒာလမင်းအေးက တက္ကသိုလ်ကျောင်းသားတွေဟာ အခြေခံပညာကျောင်းမှာ တော်ခဲ့ပေမယ့် တက္ကသိုလ်ရောက်တဲ့အခါ ပြောင်းလဲသွားကြပြီး ဂိမ်းဆိုင်တွေရောက်သွားကြတယ်လို့ ပြောတဲ့အပေါ် ပြန်ရှင်းခဲ့တာပါ။

မနန္ဒာလမင်းအေးက “ယောကျာ်းလေး ၁၀ ယောက်မှာ ၈ ယောက်လောက်က အဲဒီဂိမ်းတွေကို မစားမသောက်ဘဲနဲ့ကို၊ မအိပ်ဘဲနဲ့ကို ဆော့ကြတယ်။ အဲဒါကြောင့် ကျောင်းစာတွေ လစ်ဟင်းလာတယ်။ ဂိမ်းဆိုင်တွေကို ဘယ်လိုထိန်းချုပ်မှာလဲ။ အခွန်အခတွေ အများကြီးကောက်ပြီး ထိန်းချုပ်ရင်တော့ ရမယ်ထင်ပါတယ်” လို့ ပြောပါတယ်။

ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က “ဒီဂိမ်းဆိုင်​တွေနဲ့ပတ်​သက်​လို့ကတော့  ဝန်​ကြီးဌာန​ တော်တော်များများ စုပြီးတော့ ခေါင်းချင်းရိုက် အဖြေရှာရမယ်လို့ ထင်ပါတယ်။ လူငယ်​​တော်​​တော်​များများက ဂိမ်းကို စွဲ​နေကြတယ်​။ မိဘ​​တွေကလည်း စာဖတ်နေတဲ့ လူငယ်​​တွေကို အား​ပေးဖို့လိုတယ်​" လို့ ပြောပါ​တယ်​။

တနည်းအားဖြင့်တော့ ဒါက စီးပွားရေးတမျိုးဖြစ်သလို ခေတ်ရဲ့ရေစီးကြောင်းလည်း ဖြစ်တယ်။ စီးပွားရေးသမားတွေရဲ့ အခွင့်အလမ်းတွေကိုလည်း မဆင်မခြင်နဲ့ သွားပိတ်လို့ မဖြစ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လူငယ်​ဘက်​စုံဖွံ့ဖြိုး​ရေးပွဲ​တော်​ကို သြဂုတ်​ ၁၁ ရက်​​နေ့က​နေပြီး ၁၃ ရက်​​နေ့အထိ ကျင်းပနေတာပါ။

ပွဲတော်မှာ မန္တ​လေးနည်းပညာတက္ကသိုလ်​၊ ရမည်းသင်း နည်းပညာတက္ကသိုလ်​၊ မန္တ​လေးတက္ကသိုလ်​ စတဲ့ တက္ကသိုလ်​အသီးသီးက သူတို့နဲ့သက်​ဆိုင်​တဲ့ ဘာသာရပ်​​တွေကို ဆိုင်​ခန်း​ပေါင်း ၅၀​ ကျော်​ ပြသထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013