DVB Logo
Home
မြန်မာသတင်း
ပန်းတောင်းတွင် ဘုရားဖူးယာဉ် နောက်ပြန်လိမ့်ကျ၊ ၁၇ ဦး ဒဏ်ရာရ
DVB
·
August 11, 2018
ပန်းတောင်းတွင် ဘုရားဖူးယာဉ် နောက်ပြန်လိမ့်ကျ၊ ၁၇ ဦး ဒဏ်ရာရ
Donate to DVB

ပြည်မြို့ အနောက်ဘက်ကမ်း၊ ပန်းတောင်းမြို့နယ်ထဲမှာ သြဂုတ်လ ၁၁ ရက်နေ့က ဗောဓိတထောင် ဘုရားတောင်ပေါ်တက်တဲ့  ဒိုင်နာယာဉ်တစီး နောက်ပြန်ထိုးကျခဲ့လို့ ဘုရာဖူးခရီးသည် ၁၇ ယောက် ဒဏ်ရာတွေ ရှိခဲ့ပါတယ်။

“ကြို့ရပ်သာကျေးရွာက မနက် ၆ နာရီလောက်ကထွက်လာတာ ဒီကိုရောက်တော ၈ နာရီထိုးကျော်ကျော်ပဲ ရှိသေးတာ။ ကားက ယာဉ်ရပ်တဲ့နေရာမှာ ရပ်လိုက်ပြီ၊ စက်လည်းရပ်ပြီးပြီ။ စပယ်ယာ ဂျမ်းတုံးခုတာက ဘီးနည်းနည်း ကွာသွားတော့ ကားက ဂျမ်းတုံးကို ကျော်နင်းသွားပြီး နောက်ကို ဆက်တိုက်လိမ့်သွားတာ၊ ဘရိတ်ကလည်း ဆက်တိုက်နင်းနေတာပဲ၊ ဒါပေမယ့် မမိတော့ဘူး လျှောနေတာ၊ နောက်ဆုံး စီယာတိုင်လည်း မနိုင်တော့ဘူး။ နောက်တော့ ဘေးကို ထိုးကျသွားတော့တာပဲ” လို့ ယာဉ်မောင်း ကိုအောင်ပြည့်စုံက ဒီဗွီဘီကို ပြောပါတယ်။

ဒဏ်ရာရှိသူတွေအား ပြည်မြို့က ပရဟိတအဖွဲ့တွေက အရေးပေါ်ကား ၉ စီးနဲ့ ပြည်ဆေးရုံကြီးကို သယ်ဆောက်သွားတယ်လို့ သိရပါတယ်။

“ဒဏ်ရာအနည်းငယ်ရှိသူတချို့တော့ တောင်ခြေမှာ ကျန်ခဲ့ပါတယ်။ ကားက တဖြည်းဖြည်းလေးပဲ လိမ့်ဆင်းတာဆိုပေမယ့် ဘယ်သူမှ ခုန်မဆင်းရဲဘူး။ လူ က ခေါင်မိုးပေါ်မှာလည်း ၁၀ ယောက်လောက်ပါတာ။ နောက်တော့ ဘေးကိုထိုးကျသွားတာ” လို့ လက်မှာ ဒဏ်ရာအနည်းငယ်ရရှိသူ ကိုနိုင်လင်းအောင်က ပြောပါတယ်။

ကားပေါ်မှာ ကလေးလူကြီး စုစုပေါင်း ၄၅ ယောက်လောက်ပါပြီး ခရီးသည်တွေအားလုံးက သဲကုန်းမြို့နယ် ကြို့ရပ်သာကျေးရွာကဖြစ်ကြပြီး ဗောဓိတထောင်ဒီပါအေး ဘုရားတောင်ပေါ်ကို ဘုရားလာဖူးကြတာဖြစ်ပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013