DVB Logo
Home
မေးမြန်းခန်း
ရှပ်ပြေးယာဉ် နစ်မြုပ်ရာတွင် အသက်ရှင်ကျန်ရစ်သူ ၁ ဦးနှင့် မေးမြန်းချက်
DVB
·
July 26, 2012
ရှပ်ပြေးယာဉ် နစ်မြုပ်ရာတွင် အသက်ရှင်ကျန်ရစ်သူ ၁ ဦးနှင့် မေးမြန်းချက်
Donate to DVB

ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်ဆိပ်ကမ်းမှာ နစ်မြှုပ်ခဲ့တဲ့ မြတ်မင်းအောင် ရှပ်ပြေးယာဉ်မှာ လိုက်ပါခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ကိုရန်ကင်းအောင်ကို ဆက်သွယ်မေးမြန်းထားပါ တယ်။

ကိုရန်ကင်းအောင်တို့က ရှပ်ပြေးယာဉ်မှောက်တဲ့ထဲပါခဲ့တဲ့ ခရီးသည်ပေါ့။ အဲအတွေ့အကြုံလေး နည်းနည်းပြောပြပါဦး။

[caption id="attachment_28480" align="alignleft" width="300" caption="ကိုရန်ကင်းအောင်နှင့် သူ့ဇနီး"][/caption]

“ရှပ်ပြေးမောင်းတဲ့လူဆီက အနံ့ထွက်နေတယ်။ မူးနေတယ်လို့တော့ ပြောလို့မရဘူးပေါ့။ ခဏနေတော့ ရှပ်ပြေးယာဉ်က ပဲ့ကြိုးကိုဖြုတ်လိုက် တယ်။ ပြီးတော့ ရေစီးအတိုင်းပဲမျောသွားတယ်။ ပြီးတော့ ကျနော်တို့ဘက်အခြမ်းမှာက မိုးရွာတော့ မိုးကာကျနေတယ်။ ကံကောင်းတာက မိုးကာကလန်နေ တယ်။ မိုးကာကို လှန်ထားလိုက်တဲ့အချိန်မှာ ကျနော်ကလည်း ရှပ်ပြေးခန်းက အော်နေတော့ ဘာလဲဆိုပြီး လှည့်ကြည့်နေတယ်။ အဲ့မှာ ကျနော့်မိန်းမက မော်တော်တခါမှ မစီးဖူးဘူး။ သူက ဘာပြောလဲဆိုတော့ ဟိုမှာကြည့်စမ်းတဲ့ မော်တော် ၇ စီး ၈ စီးလောက် ရှေ့တိုးလာနေတယ်တဲ့။ အဲဒါ ရှေ့တိုးလာတာမဟုတ်ဘူး၊ တိုက်တော့မှာ ဆိုပြီး ကျနော်လည်း ထွက်ဆိုပြီး သူ့ကို အရင်ထွက်ဆိုပြီး တွန်းထုတ်လိုက်တာ။ သူကလွတ်သွားတယ်။ ကျနော်က နောက်မှာကျန်ခဲ့တယ်၊ နောက် ၀င်တိုက်မိပြီး အောက်ထဲမြှုပ်သွားပြီးမှ ကျနော်လည်း ကိုယ်လွတ်ရုန်းပြေးလာရတယ်။”

ကိုရန်ကင်းအောင် ပြောပုံဆိုရင် မော်တော်တွေ ၇ စင်း၊ ၈ စင်း လှည့်ပတ်တိုက်နေချိန်မှာ မိန်းမကို လွတ်နေတဲ့ ပြတင်းပေါက်ကနေ ရေထဲကို တွန်းထုတ်လိုက်တယ်၊ ကိုရန်ကင်းအောင် က မြုပ်တဲ့မော်တော်အောက်ထဲ ပါသွားသေးတာပေါ့။ ပါသွားပြီးမှ ပြန်ရုန်းထွက်တာပေါ့။ ဆက်ပြောပြပါဦး။

“မော်တော်က တပတ်လည်ပြီး ကျနော်ပြန်ပေါ်လာပြီး မိန်းမကို လိုက်ရှာတယ်၊ နောက် မြစ်ကြောင်း အတိုင်း ရေစုန်ဆင်းသွားပြီး လမ်းမှာတွေ့တဲ့ မြှုပ်ချည်ပေါ်ချည်ဖြစ်နေတဲ့ သူတွေကိုလည်း လိုက်ကြည့်တယ်။ သူတို့ကိုလည်း ဘေးနားက လှေတွေရှိတဲ့ပေါ် ဆွဲတင်ပေးလိုက်နဲ့ ကူးလာရင်းနဲ့ ကျနော့်မိန်းမကို လှမ်းတွေ့တယ်။ ရောက်တော့ ကယ်တဲ့လူတွေက လှေပေါ်တက်ဆိုတော့ ကျနော်လည်း အတွင်းခံတွေဘာတွေလည်း မရှိတော့ မတတ်နိုင်တော့ ပုဆိုးတွေချွတ်ပေးတယ်။ နောက် ကျနော့်မိန်းမရောက်နေတဲ့ သင်္ဘောရပ်ထားတဲ့ ဆိပ်ကမ်းကိုသွားပြီး ကမ်းပေါ်တတ်သွားရတယ်။”

အဲ့ဒီ ရှပ်ပြေးယာဉ်မျိုးကို ပထမဆုံးအကြိမ် စီးဖူးတာလား။

“မဟုတ်ဘူး၊ ကျနော် မကြာမကြာစီးဖူးတယ်။”

အခုလို ဖြစ်တာက ဘာကြောင့် ဖြစ်သွားတာလဲဗျ။

“ယာဉ်ကို မောင်းတဲ့သူ ပေါ့ဆတာလည်းပါတယ်။ နောက်ပြီး ဂိတ်မှာ ရှိတဲ့သူတွေကလည်း ကြပ်ကြပ် မတ်မတ် မလုပ်ဘူး။ နောက်ပြီးတော့ ...”

ဘယ်လိုမျိုး ကြပ်ကြပ်မတ်မတ် မလုပ်တာလဲဗျ

“ကုန်တွေအများကြီး။ လူတွေ အများကြီး။ ၀မ်းဗိုက်ထဲမှာလည်း အပြည့်ပဲ။ ရှပ်ပြေးယာဉ်က သေး တယ်။ နောက်မှာလည်း အပြည့်ပဲ။ လူချည်းပဲဆိုရင် အနည်းဆုံး ခန့်မှန်းချေ ၁၀၀ လောက် ရှိမယ်ဗျ။”

ဆိုင်ကယ်တွေ ဘာတွေရော ပါသေးလား။

“ဆိုင်ကယ်ကတော့ ၄-၅ စီးလောက်တော့ ပါမယ် ထင်တယ်ဗျ။ အနောက်ဘက်မှာ တင်ထားတယ်။”

မောင်းတဲ့သူရဲ့ ပေါဆမှု ဆိုတာကရော ဘယ်လိုတွေ့ရလဲ။

“စက်မထွက်ခင်ကတည်းက အရင်စစ်ကြည့်ရမှာလေ။ ကိုယ့်ရှပ်ပြေး ကောင်းလား မကောင်းလားဆိုတာ စမ်းကြည့်ရမယ်လေ။ အဲဒါပြီးမှ ထွက်ရမယ်လေ။ နောက်ပြီး ဂိတ်မှူးတွေမှာလည်း တာဝန်ရှိတယ်။ ရှပ်ပြေးတစီး တင်နိုင်တဲ့ဝန်ထက် ပိုပြီး မတင်ရဘူးပေါ့။ အဲဒါတွေလည်း ပါတယ်။ နောက်တခုက ရှပ်ပြေး အတန်းလိုက်ကြီး ရှိတဲ့ဟာလည်း ပါတယ်လေ။ ရှပ်ပြေးအတန်းလိုက်ကြီး မ ရှိရင် ကျနော်တို့ဟာလည်း မှောက်ချင်မှ မှောက်မှာပေါ့။”

ဘယ်လိုမှောက်သွားတာလဲ။

“ဘေးတစောင်း တခါတည်း လဲသွားတာဗျ။ ဦးကစိုက်သွားတာ မဟုတ်ဘူး။ သင်္ဘော ၇ စင်း တန်းထားတဲ့ဟာကို ရှပ်ပြေးက ဘေးက ၀င်တိုက်တာဆိုတော့ တပြေးတည်း မြုပ်သွားတာပေါ့။ တိုက်လိုက်တဲ့အချိန်မှာ တဖက်ကို စောင်းသွားတော့ ရေက ဝေါကနဲ ၀င်လာပြီး မြုပ်သွားတာ။”

အဲဒီလို မှောက်တဲ့အချိန်မှာ ကိုရန်ကင်းအောင်တို့က ဘေးနားက ပြတင်းပေါက်မှာ မိုးကာလေး ထွက်နေလို့ ထိုးထွက်လို့ ရတယ်ဆိုတော့ တခြားသူတွေက ဘယ်လိုဖြစ်ပြီး သေကြတာလဲ

“ကျနော့်ရှေ့က ဟာတွေကတော့ သင်္ဘောဝမ်းဗိုက်က ဟိုဘက် ဒီဘက် ပိတ်ထားတဲ့အခါကျတော့ တဖက်က  ကမ်းကနေ ၀င်လို့ရအောင် ဟထားတယ်။ အဲဒီဟထားတဲ့နားမှာလည်း ပစ္စည်းတွေရှိတော့ ဖိမိပြီး သေတာလည်း ဖြစ်နိုင်တယ်။ ကြားထဲမှာလည်း အပြည့်ဆိုတော့ တိုက်လိုက်တဲ့အချိန်မှာ တဖက်ကို စောင်းသွားတော့ တချို့က ခုံအောက်လည်း ရောက်သွားနိုင်တယ်လေ။ အသက်ရှင်တဲ့သူတွေက ကျောင်းသားတွေ အသက်ရှင်တယ်ဆိုတာက ၁၀ ယောက် ၁၅ ယောက် လောက်က ယောက်ျားသားတွေ ဆိုတော့ တိုက်တော့မှာ တိုက်တော့မှာလို့ နောက်က အော်နေတဲ့အချိန်မှာ အပြင်ထွက်ပြီး မော်တော် ၇ စီး တန်းထားတဲ့အပေါ်ကို အကုန် ခုန်တက်ကုန်တယ်လေ။ ကျန်တဲ့သူတွေက အထဲမှာ နေတဲ့ ကလေးတွေ အမျိုးသမီးတွေကျတော့ အလွယ်တကူမှ မဟုတ်တာ။ မခုန်ချနိုင်တော့ တခါတည်း ပါသွားတာပေါ့၊”

ကိုရန်ကင်းအောင်တို့ကတော့ ဘေးနားက မိုးကာသားလေး ထောင်ထားလို့ လွတ်လာတာပေါ့။

“ကျနော်တို့ဘက်က တတန်းလုံး မိုးကာလှန်ထားလိုက်တာဗျ။ ဟိုဘက်ခြမ်းက ပိုနာမယ်ဗျ။”

အားလုံးပေါင်း ဘယ်လောက် သေဆုံးလဲဗျ။ အပျောက်အဆုံးက ဘယ်လောက် ရှိလဲဗျ အခုအချိန်အထိ။

“လောလောဆယ်က စာရင်းအတိအကျဆိုတော့ အယောက် ၂၀ လောက် ရှိတယ်။ ကျန်တဲ့ဟာက ပျောက်နေတယ်ဗျ။ ၃၀ ကျော်ဆိုတော့ နောက်ထပ် ၁၀ ဦးလောက်တော့ ပျောက်ဆုံးနေတယ်ဗျ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013