DVB Logo
Home
မြန်မာသတင်း
ကိုရဲလွင် ကွယ်လွန်ခြင်း ၁ လပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲ ကျင်းပ
DVB
·
August 11, 2018
ကိုရဲလွင် ကွယ်လွန်ခြင်း ၁ လပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲ ကျင်းပ
1 / 4
Donate to DVB

ကိုရဲလွင် (မဇ္ဈိမလှိုင်းပန်းရဲ့လမ်း လူမှုကွန်ရက်) ကွယ်လွန်ပြီး တလပြည့် ဝမ်းနည်းခြင်း အမှတ်တရပွဲကို သံလျှင်မြို့ ပြည်တော်သာလမ်း  Calori Cafe မှာ သြဂုတ်လ ၁ဝ ရက်နေ့ ညနေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဇနီးဒေါ်တင်အေးမြင့်က ကိုရဲလွင် မသေဆုံးမီ ဆန္ဒ လူမှုဒုက္ခအဝဝကို တတ်နိုင်သမျှ ကူညီပေးနိုင်မယ့် ကိုရဲလွင် ဖောင်ဒေးရှင်းကို ကိုရဲလွင်ကို ချစ်ခင်သူ အပေါင်းအသင်းတွေနဲ့ တိုင်ပင်ပြုလုပ် အကောင်ထည်ဖော်ပေးဖို့ စိတ်ကူးထားပါတယ်။

ဒီပွဲကို မဇ္ဈိမလှိုင်း အနုပညာရဲဘော် ကိုနေဝင်း (တေးရေး/တေးဆို )၊ ကိုတွပ်ကီ (ဒရမ်မာ)

အဆိုတော် တူးတူး၊ အက်စကဲနက်၊ ဝီလျှံ၊ ညီညီလွင် (ပန်းရဲ့လမ်း) အဆိုတော်၊ မောင်တင်အုန်း ရာဝဏ တို့က ကိုရဲလွင်အမှတ်တရ သီချင်းတွေနဲ့ သီဆို ဖျော်ဖြေခဲ့ကြပါတယ်။

တက်ရောက်လာတဲ့ ကိုရဲလွင် ချစ်ခင်သူတွေကလည်း ည ၁ဝ နာရီအထိ ကိုရဲလွင်ရဲ့ ထင်ရှားတဲ့ တေးသီချင်းတွေဖြစ်တဲ့ ပန်းခရမ်းပြာ၊ သဇင်ည၊ ခွန်အားဖြည့်မိငယ်၊ မြက်ခင်းစိမ်းနဲ့တဲငယ်၊ အရွှယ်လွန်ရွေ့လျှား၊ ဒွိဟစိတ်နဲ့သုည၊ နဒီမင်္ဂလာ၊ ဝေးခဲ့ပြီ ပန်းခမ်းပြာ စတဲ့ သီချင်းတွေကို အမှတ်တရ သီဆိုခဲ့ကြပါတယ်။

လွင်မှိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013