DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုဖြစ်ခဲ့သည့် မောင်တောကို ဘင်္ဂလားဒေ့ရှ်နိုင်​ငံခြားရေးဝန်ကြီး သွားရောက်
DVB
·
August 11, 2018
အကြမ်းဖက်မှုဖြစ်ခဲ့သည့် မောင်တောကို ဘင်္ဂလားဒေ့ရှ်နိုင်​ငံခြားရေးဝန်ကြီး သွားရောက်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်​ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ဟာ အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ မောင်တောမြောက်ပိုင်းကို ဒီနေ့မနက်ပိုင်းက ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်​ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နဲ့ ကိုယ်စားလှယ်တွေဟာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က Gonden Myanmar လေကြောင်းလိုင်းနဲ့ ရခိုင်ပြည်နယ်စစ်တွေ လေဆိပ်ကို ရောက်ရှိလာပါတယ်။

သူနဲ့အတူ ဒီခရီးစဉ်မှာတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်တို့ ဒီခရီးမှာ လိုက်ပါလာပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali တို့အဖွဲ့ဟာ စစ်တွေ လေဆိပ်ခန်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နာရီဝက်ကြာ တွေ့ဆုံးဆွေးနွေးခဲ့ပြီးနောက် အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ မောင်တောမြောက်ပိုင်းကို ရဟက်ယာဉ်နဲ့ ထွက်ခွာသွားခဲ့ကြပါတယ်။

ဒီခရီးစဉ်မှာတော့ မောင်တောမြောက်ပိုင်းက တောင်ပြိုလက်ဝဲပြန်လည် လက်ခံရေးစခန်းနဲ့ ငခူးရပြန်လည် လက်ခံရေးစခန်းတို့ကို ရောက်ကြည့်ရှုမှာဖြစ်ပြီး လှဖိုးခေါင်းကြားစခန်းကိုလည်း သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် နေရပ် စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်တွေ အတိုင်း စီစဉ်ဆောင်ရွက်ထားပြီး ပြန်လည်လက်ခံရေးအတွက် အခုလိုလာရောက်တာဖြစ်ပါတယ်။

သြဂုတ်လ ၁ဝ ရက်နေ့ကလည်း နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေနဲ့ ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် ဝန်ကြီးအဆင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး အချက် ၈ ခု သဘောတူ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali အဖွဲ့ရဲ့ ခရီးစဉ်အတွင်း လေဆိပ်အပါအဝင် စစ်တွေမြို့နေရာ အနှံ့အပြားမှာ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013