DVB Logo
Home
မြန်မာသတင်း
အဆိုတော်ရွှေထိုက်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးမိ
DVB
·
August 11, 2018
အဆိုတော်ရွှေထိုက်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးမိ
Donate to DVB

အဆိုတော်ရွှေထိုက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သြဂုတ် ၉ ရက်နေ့ ညနေပိုင်းက ရန်ကင်းမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်တပ်ဖွဲ့စု ၄၁ က တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး သတင်းအရ ရှာဖွေခဲ့တာလို့ ဆိုပါတယ်။

သက်သေတွေနဲ့အတူ ရန်ကင်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ GOLDEN CITY အိမ်ရာမှာ နေထိုင်တဲ့ တိုက်(ဘီ-၁)၊ သက်ဆွေမင်း (ခ) ကိုစိုင်းရဲ့အခန်းကို ရှာဖွေရာမှာ သူနဲ့အတူ မဝေလွင်ဇော် (ခ) ရွှေထိုက်ကိုလည်း တွေ့ရပြီး ကုတင်ပေါ် ပိုက်ဆံအိတ်ထဲက WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၅ ပြား၊ ICE လို့ ယူဆရတဲ့ အကြည်ရောင် အကြေခဲ ၃ ဂရမ်၊ မူးယစ်ဆေးသုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေနဲ့ ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရခဲ့ပါတယ်။

စစ်ဆေးရာမှာ သက်ဆွေမင်းက သူတို့ငှားရမ်းနေထိုင်တဲ့ ရန်ကင်းမြို့နယ်၊ ၁၅ ရပ်ကွက်၊

အဝေရာလမ်းကအိမ်မှာလည်း မူးယစ်ဆေးတွေ ကျန်သေးတယ်ဆိုလို့ သွားပြီးရှာရာမှာ အိပ်ခန်း ဘီဒိုထဲက WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား အပြား ၂၀၀ ပါ ၅၈ ထုပ်၊ ၁၈၅ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ၁၁,၇၈၅ ပြား၊ ICE လို့ ယူဆရတဲ့ အကြည်ရောင်အကြေခဲ ၇၇၀ ဂရမ်ပါ ၁ ထုပ်၊ ဆပ်ပြာခွက်ထဲမှာ ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ အမှုန့် ၁၁ ဂရမ်လောက်၊ ပလပ်စတစ်ဘူးအကြည်နဲ့ ထည့်ထားတဲ့ ဆေးခြောက်လို့ ယူဆရတဲ့ အရိုးအရွက်ခြောက် ၁၂ ဂရမ်လောက်၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄ ပြားနဲ့ မူးယစ်ဆေး သုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် သက်ဆွေမင်း (ခ) ကိုစိုင်းနဲ့ မဝေလွင်ဇော်(ခ) ရွှေထိုက်တို့ကို ရန်ကင်းမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013