DVB Logo
Home
မြန်မာသတင်း
အိုင်စီစီအနေဖြင့် မြန်မာနိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့်မရှိဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ကြေညာ
DVB
·
August 10, 2018
အိုင်စီစီအနေဖြင့် မြန်မာနိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့်မရှိဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ကြေညာ
Donate to DVB

ရခိုင်ပြည်နယ်ကနေ စွန့်ခွာထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေအရေး မြန်မာအပေါ် စွဲချက်တင်စစ်ဆေးဖို့ကိစ္စ အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက သဘော ထားမေးမြန်း တောင်းခံထားတာကို မြန်မာအစိုးရက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအပေါ် စွပ်စွဲချက်တွေကို အိုင်စီစီရဲ့ တရားစွဲရှေ့နေတွေက ဇူလိုင် ၂၇ ရက်နောက်ဆုံး ထားပြီး ရှင်းလင်းပြောကြားဖို့ မြန်မာအစိုးရထံ ပန်ကြားထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ရောမသဘောတူညီချက်ကို လက်မှတ်ရေးထားတဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်သလို   အိုင်စီစီအနေနဲ့ မြန်မာနိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့် မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သြဂုတ် ၉ရက်နေ့စွဲနဲ့ အချက် ၂၁ချက်ပါ ကြေညာချက် ထုတ်ပြန်လိုက်ပြီး  တုန့်ပြန်လိုက်တာပါ။

ဒါ့အပြင် အိုင်စီစီ စွဲချက်တင်ရှေ့နေရဲ့ ပန်ကြားချက်ဟာ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ မြန်မာနိုင်ငံကို တရားစီရင်ဖို့ သွယ်ဝိုက်တဲ့နည်းနဲ့ ကြိုးပမ်းရာရောက်နေတဲ့အကြာင်းနဲ့ ဗီယင်နာ သဘောတူညီချက် အပိုဒ် ၃၄ အရဆိုရင် မြန်မာအနေနဲ့ အိုင်စီစီရဲ့ အကြောင်းကြားစာကို လက်ခံဖို့တောင် တာဝန်မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အိုင်စီစီရဲ့ လုပ်နည်းလုပ်ဟန်တွေဟာ မျှတမှုမရှိသလို ပွင့်လင်းမြင်သာမရှိတဲ့အပေါ် မြန်မာအနေနဲ့ စိုးရိမ်ပူပန်တယ်၊ မြန်မာကို တရားစွဲဖို့ အိုင်စီစီက လက်ခံခွင်ြ့ပုလိုက်မယ်ဆိုရင် အဖွဲဝင်မဟုတ်တဲ့ နိုင်ငံတစ်ခုအပေါ် တရားစွဲဆိုနိုင်တယ်ဆိုပြီး ကျင့်ထုံးတစ်ခု ဖြစ်သွားနိုင် တယ်လို့လည်း ဆိုပါတယ်။

နေရပ်စွန့်ခွာသူတွေ ဆန္ဒအလျောက်နေရပ်ပြန်နိုင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုး လုပ်ဆောင်နေသလို၊ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေပေးဖို့  ကုလသမဂ္ဂအေဂျင်စီတွေ ဖြစ်တဲ့ UNDPနဲ့ UNHCR တို့နဲ့ လည်း နားလည်မှုစာချွန်လွှာ ရေးထိုးလုပ် ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၃ဝ ရက်မှာ မြန်မာအစိုးရက လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပြည်တွင်းပြည်ပက ပုဂ္ဂိုလ် ၄ ဦးနဲ့ ဖွဲ့စည်း ထားပြီး ကော်မရှင်အနေနဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအလွန်  လူ့အခွင့်အရေးချိုးဖောက်မှု တွေကို စုံစမ်းစစ်ဆေးမယ်လို့ ဆိုပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ အခြေစိုက်တဲ့ အိုင်စီစီ နိုင်ငံတကာ ရာဇဝဝတ်မှုဆိုင်ရာ တရားရုံးကို ရောမသဘောတူညီချက်အရ တည်ထောင်ခဲ့တာ ဖြစ်ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ၊ လူသားတွေအပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-အိုင်စီစီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013