DVB Logo
Home
မြန်မာသတင်း
ဆော်ဒီတွင် ကွပ်မျက်ခံရသူ မြန်မာနိုင်ငံသား မဟုတ်ဟု နိုင်ငံခြားရေးဌာနထုတ်ပြန်
DVB
·
August 10, 2018
ဆော်ဒီတွင် ကွပ်မျက်ခံရသူ မြန်မာနိုင်ငံသား မဟုတ်ဟု နိုင်ငံခြားရေးဌာနထုတ်ပြန်
Donate to DVB

ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့မှာ ကွပ်မျက်ခံခဲ့ရသူဟာ မြန်မာနိုင်ငံသား မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကွပ်မျက်ခံရသူဟာ မြန်မာသံရုံးမှာ မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသားများ စာရင်းမှာ ပါဝင်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရတယ်လို့လည်း ဖော်ပြထားပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့မှာ မြန်မာနိုင်ငံသားဆိုသူ Elias Abulkalaam Jamaledden ကို လူသတ်မှု၊ ခိုးယူမှု၊ အဓမ္မကျင့်မှုတွေနဲ့  စွဲချက်တင်ပြီး ကွပ်မျက်ခဲ့တယ်ဆိုပြီး သတင်းတွေမှာဖော်ပြခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ မြန်မာသံရုံးကို တရားဝင် အကြောင်းကြားလာခြင်း မရှိသလို ဆော်ဒီအာရေဗျ အစိုးရရဲ့ အင်္ဂလိပ်သတင်းစာတွေမှာလည်း ဖော်ပြခြင်း မရှိဘူးလို့ဆိုပါတယ်၊

မြန်မာသံရုံးမှာ မှတ်ပုံတင်ထားတဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ နေထိုင်သူ မြန်မာနိုင်ငံသားများ စာရင်းမှာလည်း ပါဝင်ခြင်းမရှိသလို အဲ့ဒီနာမည်နဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးထားတာလည်း မရှိကြောင်း စိစစ်တွေ့ရှိရတယ်လို့ နိုင်ငံခြားရေးသတင်းမှာ ဖော်ပြပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ ရောက်ရှိနေကြတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်း လုပ်သားတချို့ကို (Special Document) နေထိုင်ခွင့်ကတ်ပြားတွေကို ထုတ်ပေးထားရာမှာ သူတို့အနေနဲ့ အခွင့်အရေး တစုံတရာ မျှော်ကိုးပြီး အဲဒီကတ်ပြားတွေရဲ့ နိုင်ငံသားနေရာမှာ အာရပ်ဘာသာနဲ့ Burmese ဆိုပြီး ရေးသားထားမှုတွေ အများအပြားရှိတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013