DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၄၀ ခန့်ရှိနေ
DVB
·
August 10, 2018
ကချင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၄၀ ခန့်ရှိနေ
Donate to DVB

ကချင်ပြည်နယ်မှာ သြဂုတ် ၈ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၃၉ ယောက်ရှိနေပြီး သေဆုံးသူတွေတော့ မရှိသေးဘူးလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ကချင်ပြည်နယ်မှာရှိတဲ့ မြို့နယ်အသီသီးက တက်လာတဲ့ စာရင်းတွေအရ သြဂုတ် ၈ ရက်နေ့အထိ ဖားကန့်မြို့နယ်မှာ  သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်နေပြီး သွေးလွန်တုပ်ကွေးလူနာ ၅၁ ယောက် ရှိတယ်လို့ သိရပါတယ်။

မနှစ်ကတော့ ကချင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရာသီမှာ ၁၇၃၅ ယောက် ရောဂါဖြစ်ပွားခဲ့တာပါ။ ဖားကန့်မြိုနယ်မှာ မနှစ်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ခဲ့တဲ့ လူနာ ၄၂၈ ယောက် ရှိခဲ့တာပါ။

သွေးလွန်တုပ်ကွေးရောဂါဟာ သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်တဲ့ ခြင်ကျား ကိုက်ခံရတာကနေ လူကို ကူးစက်တာ ဖြစ်ပါတယ်။

ခြင်ကျားဟာ နေ့အချိန်မှာ ပိုကိုက်ပြီး ၁၅ နှစ်အောက် ကလေးငယ်တွေ အများဆုံး ဖြစ်လေ့ရှိသလို လူကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013