DVB Logo
Home
မြန်မာသတင်း
အင်္ဂပူ-ဘဲပြာလမ်း တံတားနှင့် လမ်းများ အမြန်ဆုံး ပြုပြင်စေလို
DVB
·
August 10, 2018
အင်္ဂပူ-ဘဲပြာလမ်း တံတားနှင့် လမ်းများ အမြန်ဆုံး ပြုပြင်စေလို
Donate to DVB

ဧရာဝတီတိုင်း​ဒေသကြီး၊ အင်္ဂပူမြို့နယ်​ထဲက ကညွှတ်​ကွင်း၊ ခုံကြီး၊ စည်​ပင်​၊ နခြံနဲ့ ​သံပုကွင်း​ကျေး​ရွာအုပ်​စု ၅ ခုကို ဆက်​သွယ်​ထားတဲ့ အင်္ဂပူ-ဘဲပြာ လမ်းမ​ပေါ်ရှိ တံတား​တွေနဲ့ လမ်းမ ပျက်​စီးနေလို့ အမြန်​ဆုံး ပြုပြင်​​ပေးဖို့​ ဒေသခံ​တွေက လိုလား​နေကြတာပါ။

အင်္ဂပူ-ဘဲပြာလမ်းကို စစ်အစိုးရ လက်​ထက်​က အင်္ဂပူမြို့နယ် ​ကျေးရွာ​​တွေက ပြည်​သူလူထုကို လုပ်​အား​ပေး​ခေါ် တည်​​ဆောက်​ခဲ့တာပါ။ လမ်းမ​ပေါ်မှာ တံတား​ပေါင်း ၁၃ ခုရှိပြီး အရှည်​ ၁၁ မိုင်​နဲ့ ၄ ဖာလုံရှည်ြ​ပီး အကျယ်​ ၁၅ ​ပေ အကျယ်​ ရှိပါတယ်​။

နခြံအုပ်​စု၊ ကွမ်းအုံး​ကျေးရွာ​မှ စောဖာကလဲက​ “ကျေးရွာအုပ်​​စု ၅ ခုက​ ကျေးရွာ​တွေ၊ ပြည်​သူလူထု​တွေ အဓိကမြို့နယ်​ကို သွားလာရတဲ့ လမ်းမပါ။ တံတား​ပေါင်း ၁၃ ခုရှိပြီ။ အခု ခိုင်​ခံ့တယ်​လို့ ထင်​ရတဲ့ တံတားက ၅ ခု​လောက်​ပဲ ရှိပါတယ်​။ ဦးသိန်းစိန်​လက်​ထက်​က ​ကျောက်​ကြမ်းခင်းတယ်​။ ဒါ​ပေမဲ့ အခုမြင်​တဲ့အတိုင်းပဲ ​ကျောက်​ရှိတဲ့​နေရာ ရှိတယ်၊ ​မရှိတဲ့နေရာ မရှိဘူး။ ပထမ စည်​ပင်​သာယာ​ရေးဌာနက လမ်းဆိုပြီး ဆိုင်းဘုတ်လာတပ်​တယ်။ ​နည်းနည်း​လေး အပြင်​ပြတယ်​။ ​နောက်​ ​ကျေးလက်​ဦးစီးဌာနက တံတား​တွေ လုပ်​တယ်။ အ​ခု တံတားတစင်းဆို​ ဆောက်​လက်​စ။ အဆုံးမသတ်​ဘူး။”လို့ပြောပါတယ်။

လမ်းမနဲ့ တံတား​တွေ ပျက်​စီး​နေတာ​တွေ​ကြောင့် ဒေသခံတွေ သွား​ရေးလာ​ရေး​ ခက်ခဲနေပြီး နေစဉ်သွားလာနေကြတဲ့ ကျောင်းသား​ ကျောင်းသူ​တွေ မကြာခဏ ​စက်​ဘီး​မှောက်​တာရှိသလို မြွေကိုက်​လို့​ သေဆုံးတဲ့ လူနာ​တွေ၊ က​လေး​မွေးမယ့် မွေးလူနာ​တွေ အသက်​ဆုံးရှုံးတာ​တွေ နှစ်​စဉ်​ ကြုံ​တွေ့​နေကြရတယ်​လို့လည်း ​ဒေသခံ​တွေက​ ပြောပါတယ်​။

အင်္ဂပူမြို့နယ်​၊ အမှတ်​-၂၊ တိုင်း​ဒေသကြီး ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးဘိုဘိုဇင်​က​ “ကျ​နော်တို့ ကွင်းဆင်းတဲ့အခါ​ တွေ့တယ်​။ လမ်းမနဲ့ တံတား​တွေ ဆိုး​နေတယ်။ ​သွားလာလို့ အချို့​နေရာ​တွေ မရဘူး။ မြင်​​တွေ့​နေရတယ်​။ အဲဒါကြောင့် လွှတ်​တော်ကို တင်​တယ်။ ​​မေးခွန်း​တွေလည်း ​မေးတယ်​။ အမှန်​တကယ်​ လိုအပ်​လို့ တင်​ပြ​နေပါတယ်​။ ဒေသခံ​တွေလည်း အကြိမ်​ကြိမ်​ တင်​ပြ​ တောင်းဆို​နေတာ သိပါတယ်​။ ခုနှစ်​ လျာထားတဲ့​နေရာမှာ ဒုတိယဦးစား​ပေး ထည့်သွင်းလျာထားတယ်​။ ထပ်ြ​ပီးလည်း ​မေးခွန်း​ မေးဦးမှာပါ”လို့ ဒီဗွီဘီကို​ ပြောပါတယ်​။

အင်္ဂပူမြို့နယ်​မှာ​ ကျေးလက်​လမ်းတံတားအတွက်​  တံတားတစင်း ကျပ်သိန်း ၃၇၀၀ နဲ့​ ကျေးလက်​လမ်း ၂ မိုင်​သာ လျာထားတည်​​ဆောက်​မယ်​လို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျေးလက်​လမ်းတံတားဦးစီးဌာန စာရင်းဇယား​တွေအရ သိရပါတယ်​။

သတင်း-သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013