DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတ ရွေးချယ်ရန် စိစစ်နေဆဲဟု ဦးဌေးဦး ပြောကြား
DVB
·
July 26, 2012
ဒုသမ္မတ ရွေးချယ်ရန် စိစစ်နေဆဲဟု ဦးဌေးဦး ပြောကြား
Donate to DVB

လစ်လပ်နေတဲ့ ဒု-သမ္မတရွေးချယ်ဖို့ စိစစ်နေဆဲပဲလို့ ရွေးချယ်ရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောပါတယ်။

[caption id="attachment_28009" align="alignleft" width="300" caption="ဦး​​ဌေး​ဦး​"][/caption]

“ကျနော်တို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ မပြတ်သေးပါဘူး။ အကောင်းဆုံးဖြစ်အောင် ရွေးမှာပါ။ အဖွဲ့ဝင် ၇ ဦးရဲ့ သဘောနဲ့ပဲ ညှိနှိုင်းပြီး ရွေးကြမှာပါ။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း အားလုံး အပြည့်အစုံ ရှိပြီးသားဆိုတော့ မခက်ခဲပါဘူး။ ခိုင်လုံဖို့ပဲ လိုပါတယ်။  ပြီးသွားတဲ့အချိန်ကျရင် တရားဝင် ကြေညာသွားပါ့မယ်။”

ရွေးချယ်ရေးအဖွဲ့ဝင်တယောက်အနေနဲ့ ဒု-သမ္မတ အမည်စာရင်းကို ထုတ်ဖော်ပြောဆိုလို့ မရကြောင်း၊ မကြာခင် အချိန်အတွင်း တရားဝင် ထုတ်ပြန်သွားမှာဖြစ်ကြောင်း  ဦးဌေးဦးက ပြောပါတယ်။

ဒုတိယသမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှုရှိ မရှိ စိစစ်ရေးအဖွဲ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ် ၁ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ် ၁ ဦးနဲ့ တပ်မတော်သား အစုအဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ် ၁ ဦးတို့ ပါဝင်ပါတယ်။

အရင် ဒုသမ္မတ ဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက်လွှာ တင်သွင်းခဲ့ကြောင်း သမ္မတ ရုံးက ဇူလိုင် ၂ ရက်မှာ ပြည်ထောင်စု လွှတ်တော် နာယကထံ အကြောင်းကြားခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ဇူလိုင် ၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နုတ်ထွက်သွားတဲ့ ဒုသမ္မတ နေရာမှာ ၇ ရက်အတွင်း အစားထိုး ခန့်အပ်ရမှာ ဖြစ်ပေမယ့် အခု ရက်ပေါင်း ၂၀ ကျော်အထိ ဒုသမ္မတအသစ်ကို မခန့်အပ်နိုင် ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013