DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂဝန်ထမ်းများကို ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ပြုထား
DVB
·
August 10, 2018
ကုလသမဂ္ဂဝန်ထမ်းများကို ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ပြုထား
Donate to DVB

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့က ဝန်ထမ်းတွေကို ရခိုင်ပြည်နယ်အတွင်း ခရီးသွားခွင့်ပေးထားပြီး ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အစိုးရနဲ့ ကုလသမဂ္ဂ အေဂျင်စီ နှစ်ခုအကြား သဘောတူထားတဲ့အတိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာ ၂၃ ရွာကို ကွင်းဆင်းအကဲဖြတ်ဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား ပြီးခဲ့တဲ့ ဇွန်လက လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာကို လက်တွေ့အကောင်အထည်ဖော်ရေး ပထမအဆင့်အနေနဲ့ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၅ အုပ်စု (ကျေးရွာ ၁၂ ရွာ) နဲ့  မောင်တောမြို့နယ်ရှိ ကျေးရွာအုပ်စု ၈ အုပ်စု (ကျေးရွာ ၁၁ ရွာ)၊ စုစုပေါင်းကျေးရွာအုပ်စု ၁၃ အုပ်စု (ကျေးရွာ ၂၃ ရွာ) တို့ကို ကွင်းဆင်း၊ အကဲဖြတ်မှုများ စတင်ဆောင်ရွက်မယ်လို့ နိုင်ငံခြားရေးသတင်းမှာ ဖော်ပြထားပါတယ်။

ဒီလို ကွင်းဆင်းအကဲဖြတ်မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် UNDP နဲ့ UNHCR တို့ဘက်က တာဝန်ချထားတဲ့ ဝန်ထမ်းတွေကို လိုအပ်တဲ့ ခရီးသွားလာခွင့်ပြုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက သြဂုတ် ၇ ရက်မှာ အသိပေးထားပြီး ဖြစ်တယ်။

အခုအခါ အဲ့ဒီနေရာတွေကို ကွင်းဆင်းဖို့အတွက် လိုအပ်တာတွေ စီစဉ်ဆောင်ရွက်ပေးဖို့  သက်ဆိုင်ရာဌာနတွေကိုလည်း အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂဝန်ထမ်းတွေ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လွတ်လပ်စွာ သွားလာခွင့်မရဘူး ဆိုပြီး UNHCR နဲ့ UNDP က မကြာသေးခင်က သတင်းထုတ်ပြန်ခဲ့တဲ့ အပေါ် မြန်မာဘက်က သြဂုတ် ၉ ရက် နေ့စွဲနဲ့ အခုလို သတင်းထုတ်ပြန်ပြီး တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ- UNDP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013