DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြစ် ထူးကဲဒီရေတက်ပြီး ရေကြီးရေလျှံနိုင်
DVB
·
August 10, 2018
ရန်ကုန်မြစ် ထူးကဲဒီရေတက်ပြီး ရေကြီးရေလျှံနိုင်
Donate to DVB

ရန်ကုန်မြစ်အတွင်း ဒီကနေ့ သြဂုတ် ၁ဝရက်ကနေ ၁၆ ရက်ကာလအတွင်း ထူးကဲဒီရေတက်နိုင်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အသိပေးကြေညာထားပါတယ်။

ရန်ကုန်မြို့ရဲ့ ရေစွန့်ထုတ်စနစ်ဟာ ဒီရေအတက်အကျရှိတဲ့ ရန်ကုန်မြစ်ကို အခြေခံထားတာဖြစ်လို့ ထူးကဲဒီရေတက်ချိန်မှာ အနိမ့်ပိုင်းနေရာတွေကို ဒီရေတွေ ဝင်ရောက်နိုင်တယ်၊ ဒီရေတက်တဲ့အချိန်နဲ့ မိုးသည်းထန်စွာရွာသွန်းချိန် တိုက်ဆိုင်ပါက အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးရေလျှံ နိုင်တယ်လို့ လည်းဆိုပါတယ်။

ဒီရေတက်လာပြီး ရေကြီးရေလျှံဖြစ်လာမှာကို ကြိုတင်ကာကွယ်တဲ့  အနေနဲ့ လတ်တလော ရန်ကုန်တိုင်း သင်္ကန်းကျွန်းနဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ သဲအိပ်တွေနဲ့ တာဘောင် မြေဖို့တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ မြို့တော်ဝန်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ  ရေးသားထားပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စုအိမ်ရာအနီး ငမိုးရိပ်ချောင်းဘေးမှာ တာဘောင်မြေဖို့ ဆောင်ရွက်နေသလို  အောင်သီတာ ရေတံခါးနဲ့ ဆီစက်ရုံလမ်း ဆီစက်ရုံဝင်းဘေး ကြီးပွားရေးဘက်အခြမ်း တာဘောင်ကိုလည်း သဲအိပ်တွေ ကာရံ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၃ဝ ရပ်ကွက် ငမိုးရိပ်ချောင်းဘေး ကမ်းနားလမ်းတာဘောင်နဲ့ သုဝဏ္ဏ ၂၄ ရပ်ကွက် နီလာလမ်း အရှေ့ဘက်နဲ့ ဘော်ဇင်လမ်းထိပ် ငမိုးရိပ်ချောင်းတာဘောင်ဘေးမှာ သဲအိတ်တွေဖို့နေပါတယ်။

အလားတူ တောင်ဥက္ကလာပမြို့နယ်မှာလည်း  ၄ ရပ်ကွက် ရေပေါက်ကြည်ချောင်းကို ဆယ်ယူတာဖို့နေတာ ၊ ၁၄ရပ်ကွက်ရွှေပြည်စိုးလမ်းရှိ ငမိုးရိပ်ချောင်းရေ တိုက်စားတဲ့နေရာကို သဲအိတ်တွေနဲ့ တာဖို့နေတယ်လို့လည်း မြိုတော်ဝန်က ဆိုပါတယ်။

ဓာတ်ပုံ-ရန်ကုန်မြို့တော်ဝန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013