DVB Logo
Home
မြန်မာသတင်း
အဆိုတော် အစ္စဏီ၏အမှု ရုံးပြောင်းရွှေ့စစ်ဆေးခွင့် လျှောက်ထားချက် တရားရုံးပယ်ချ
DVB
·
August 10, 2018
အဆိုတော် အစ္စဏီ၏အမှု ရုံးပြောင်းရွှေ့စစ်ဆေးခွင့် လျှောက်ထားချက် တရားရုံးပယ်ချ
Donate to DVB

အဓမ္မပြုကျင့်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ အဆိုတော် အစ္စဏီရဲ့အမှုကို တရားလိုဘက်က တရားရုံး ပြောင်းရွှေ့စစ်ဆေးခွင့် လျှောက်ထားခဲ့ပေမယ့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ဒုခရိုင်တရားသူကြီး (၁) ဒေါ်ကြူကြူဝင်းက ပယ်ချလိုက်ပါတယ်။

မော်ဒယ် စူးရှထက်ကို နှိပ်စက် အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး တိုင်ကြားမှုကြောင့် အဆိုတော် အစ္စဏီကို မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားတာပါ။

အဲဒီအမှုကို တာမွေတရားရုံးမှာ အမှုစစ်ဆေးနေရာကနေ တရားလိုဘက်က အမှုစစ်ဆေးမေးမြန်းချက်တွေအပေါ် ကျေနပ်မှုမရှိဘဲ အမှုမှန် မပေါ်ပေါက်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် ရုံးပြောင်းစစ်ဆေးပေးဖို့ လျှောက်ထားခဲ့ပါတယ်။

အဲဒီလို လျှောက်ထားလိုက်တဲ့အပေါ် သြဂုတ် ၃ ရက်က အရှေ့ပိုင်းခရိုင် တရားရုံးကနေ အမှုကို စတင်စစ်ဆေးခဲ့ပြီး သြဂုတ် ၉ ရက်နေ့မှာ ပယ်ချတဲ့ အမိန့်ချမှတ်လိုက်တာပါ။

တရားရုံး ပြောင်းရွှေ့စစ်ဆေးဖို့ လျှောက်ထားလာတဲ့အပေါ် တရားစီရင်ရေးကို ပြည်သူတွေ အထင်အမြင် လွဲမှားစေနိုင်တာကြောင့် လွယ်လွယ်နဲ့ ခွင့်ပြုပေးတာမျိုး မရှိဘူးလို့လည်း တရားသူကြီးက ပြောပါတယ်။

အဲဒါကြောင့် ရုံးပြောင်းပေးဖို့ တရားလိုရဲ့ လျှောက်ထားချက်ကို ပယ်ချလိုက်တယ်လို့ ဒုတိယခရိုင်တရားသူကြီး ဒေါ်ကြူကြူဝင်းက အမိန့်ချမှတ်လိုက်ပါတယ်။

သြဂုတ်က ၉ ရက်မှာ တရားရုံးကို တရားလိုဖြစ်တဲ့ မော်ဒယ် စူးရှထက် လာရောက်ခြင်း မရှိသလို တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီလည်း ရုံးထုတ်လာတာမျိုး မရှိခဲ့ပါဘူး။

အမှုနဲ့ပတ်သက်လို့ ရုံးပြောင်းစစ်ဆေးဖို့ကို ခရိုင်တရားရုံးက ပယ်ချလိုက်တာကြောင့် အရင်စစ်ဆေးနေတဲ့ တာမွေတရားရုံးမှာပဲ ပြန်လည် စစ်ဆေးမှာဖြစ်တယ်လို့ အဆိုတော် အစ္စဏီရဲ့ အကျိုးဆောင်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

ဟန်ထွန်းဇော်(ခ)အစ္စဏီကို အရှေ့ပိုင်းခရိုင်တရားရုံးကနေ ရာဇဝတ်မှု အထွေထွေပုဒ်မ ၆၅/၂၀၁၈ နဲ့ အမှုစစ်ဆေးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013