DVB Logo
Home
မြန်မာသတင်း
ဦးအောင်သိန်းလင်းကို ပခုက္ကူလူထုဆန္ဒပြရန် စီစဉ်
DVB
·
July 26, 2012
ဦးအောင်သိန်းလင်းကို ပခုက္ကူလူထုဆန္ဒပြရန် စီစဉ်
Donate to DVB

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းဟာ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး၊ ပြည်သူတွေ ရူးနေတာပါလို့ ထုတ်ဖော်ပြောဆိုတာနဲ့ပတ်သက်ပြီး ချစ်သောဧရာဝတီ ထာဝရရှင်သန်ရေးအတွက် ပခုက္ကူမြို့ လူထုက သက်ဆိုင်ရာထံ ဒီနေ့ ဆန္ဒပြခွင့် တင်ပြလိုက်ကြပါတယ်။

စီတန်းလှည့်လည်ခွင့် နည်းဥပဒေပါအတိုင်း တင်ပြလိုက်တာဖြစ်ပြီး ခွင့်ပြုချက်ရရင် လာမယ့် ဇူ လိုင်  ၃၁ ရက်မှာ ပခုက္ကူမြို့လူထု ၃၀၀ လောက် မြို့တွင်းစီတန်းလှည့်လည် ဆန္ဒပြကြမယ်လို့ ဦးဆောင်စီစဉ်သူ တဦးဖြစ်တဲ့ ကိုဇော်ဝင်းထွန်းက ပြောပါတယ်။

[caption id="attachment_28462" align="alignright" width="300" caption="ဦးအောင်သိန်းလင်း"][/caption]

“ကျနော်တို့ ပေါင်လမ်း ကိုဖြတ်လျှောက်မယ်။ ရွှေချောင်း တံတားထိပ်မှာ ဟောပြာပွဲလုပ်မယ်။ လူ ၃ ယောက် ဟောမယ်။ ရည်ရွယ်ချက်ကတော့ ပြည်သူက တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်က ပြည်သူကို ပုတ်ခတ်ပြောဆိုတာကို လက်မခံပါဘူး။ ကျနော်တို့ကတော့ တရားဥပဒေဘောင် အတွင်းက ဖြုတ်ချရမှာပါ။ ဒါကို လိုလားတယ်။ နောက်တချက်က ဧရာဝတီကိစ္စ ဒါကို ဆက်လုပ်မယ်ဆိုတာကို လုံးဝ လက်မခံနိုင်ပါဘူး။”

ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုချက် တောင်းခံထားတာဖြစ်ပြီး ခွင့်ပြုချက်မရရင် တိုင်းအဆင့်ကို အယူခံဝင် ဆက်လက် တင်ပြသွားမယ်လို့လည်း သူက ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းဟာ တရုတ် သတင်းစာ တစောင်နဲ့ တွေ့ဆုံမေးမြန်းချက်တခုမှာ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီကို ပြည်သူတွေ ထောက်ခံနေ တာဟာ ပြည်သူတွေရူးနေလို့ပါလို့ ထည့်သွင်းပြောကြား သွားပါတယ်။ အဲ့ဒီ သတင်းထွက်ပေါ်လာတဲ့ အချိန်မှာပဲ ဒီဗွီဘီက ဦးအောင်သိန်းလင်းကို ဆက်သွယ် မေးမြန်းကြည့်ခဲ့ပါတယ်။

ဦးအောင်သိန်းလင်း ပြောတာက “အဲ့ ဂျာနယ်နဲ့မဗျူးမိဘူး။ ကျနော်က လွှတ်တော်တက်နေရတယ်လေ။ သူတို့ဘာသာ သူတို့ရေးကြတာ ကျနော်လည်း မသိဘူး၊ မဖတ်ရဘူး။ ကျနော်က လောလောဆယ် ကျနော့်ခေါင်းထဲမှာ လွှတ်တော်ပဲရှိပါတယ်။ လွှတ်တော်အတွက် အဆိုတွေ၊ မေးခွန်းတွေ ရေးနေရတယ်။ ၃ ပတ် ရှိပြီလေ လွှတ်တော်တက်နေရတာ။ အာရုံတွေရော မအားပါဘူး။”

သူဟာ အာဏာရ ကြံ့ခိုင်ရေးပါတီက ဗဟို အလုပ်အမှုဆောင်တဦးဖြစ်ပြီး၊ အရင် စစ်ကောင်စီ လက်ထက်က ရန်ကုန် မြို့တော်ဝန် အဖြစ် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013