DVB Logo
Home
မြန်မာသတင်း
အစိုးရကို တကယ်ချစ်ရင် မမှန်ကန်သည့် လုပ်ဆောင်ချက်များကို မထောက်ခံရန် အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော
DVB
·
August 9, 2018
အစိုးရကို တကယ်ချစ်ရင် မမှန်ကန်သည့် လုပ်ဆောင်ချက်များကို မထောက်ခံရန် အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော
Donate to DVB

အစိုးရကို တကယ်ချစ်ရင် မမှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံမှုမပြုလုပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို  တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

သြဂုတ်လ ၉ ရက်မနက်က  ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာမှာ ပြုလုပ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ဒေသခံပြည်သူတွေရဲ့ ငြိမ်းချမ်းရေး စကားဝိုင်း အစီအစဉ်မှာ အခုလိုပြောဆိုခဲ့ တာာပါ။

ဒီစကားဝိုင်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည်နဲ့အတူ ပခုက္ကူတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နဲ့ ပညာရေးကောလိပ်က ကျောင်းသူကျောင်းသားတွေ၊ ဒေသခံပြည်သူတွေကိုယ်စား ရွေးချယ်ထားတဲ့ လုပ်ငန်းရှင်နှစ်ဦးနဲ့ တောင်သူတစ်ဦး စုစုပေါင်း ၈ဦးတို့က ပါဝင်ဆွေနွေးခဲ့ကြတာဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်သေးတဲ့အပေါ် ခေါင်းဆောင်ပိုင်းတွေမှာ အဓိက တာဝန်ရှိတယ်လို့ ကျောင်းသားကိုယ်စားလှယ်တစ်ဦးက တင်ပြခဲ့ရာမှာ ဒီတင်ပြချက်ဟာ မှန်ကန်တဲ့ တင်ပြချက်ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လည်း မှတ်ချက်ပေးခဲ့ပါတယ်။

ခေါင်းဆောင်တွေကိုယ်တိုင် ငြိမ်းချမ်းရေး မလိုချင်သေးတဲ့အတွက် အခုလို ကြံ့ကြာနေရတာဖြစ်တယ်လို့ လည်း ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူများ စကားဝိုင်းတွေကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရှမ်းပြည်နယ် ပင်လုံမြို့မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ပခုက္ကူအပါအဝင် မတူညီတဲ့ ဒေသ ၅ ခုမှာ  စကားဝိုင်း ၅ ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

အခုလို ကျင်းပရတာဟာ ပြည်သူတွေရဲ့ အခက်အခဲတွေကို တိုက်ရိုက်သိရှိပြီး အကူအညီပေးနိုင်စေဖို့အတွက် ကျင်းပတာဖြစ်တယ်လို့လည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013