DVB Logo
Home
မြန်မာသတင်း
မျိုးသုဉ်းပျောက်ကွယ်တော့မည့် ကြိုးကြာခေါင်းနီငှက်များ မအူပင်မြို့အနီး တွေ့ရှိ
DVB
·
August 9, 2018
မျိုးသုဉ်းပျောက်ကွယ်တော့မည့် ကြိုးကြာခေါင်းနီငှက်များ မအူပင်မြို့အနီး တွေ့ရှိ
Donate to DVB

ကမ္ဘာမှာ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်ကျရောက်နေတဲ့ ကြိုးကြာခေါင်းနီ ငှက်မျိုးစိတ် တမျိုးကို ဧရာဝတီတိုင်းဒေသကြီး  မအူပင်မြို့အနီးမှာ တွေ့ရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် ပထမဦးဆုံး ကြိုးကြာခေါင်းနီ အကောင်ပေါက်ငယ်ကို ဇူလိုင်လ ၈ ရက်နေ့က မအူပင်မြို့အနီးမှာ တွေ့ရှိ မှတ်တမ်းတင်ခဲ့တယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ)က သတင်းထုတ်ပြန်ပါတယ်။

သစ်တောဦးစီးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်းပြီး ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆောင်ရွက်နေတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသထဲက ဝါးခယ်မမြို့နယ်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်နဲ့ အိမ်မဲမြို့နယ်တို့မှာ ကြိုးကြာခေါင်းနီ သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကြိုးကြာခေါင်းနီိတွေဟာ  မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာလည်း မျိုးသုဉ်းဖို့ အန္တရာယ် ကျရောက်နေတဲ့ မျိုးစိတ်ဖြစ်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ အကောင် ၂၀၀ မှ ၄၀၀ ကြား ကျန်ရှိတယ်လို့  ခန့်မှန်းထားပါတယ်။

ဒါကြောင့်  ကြိုးကြာခေါင်းနီ ထိန်းသိမ်းခြင်းနဲ့ ကြိုးကြာအသိုက် တွေ့ရင် သတင်းပေးကြဖို့၊ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ)က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-WCS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013