DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 9, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို ၄၁,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၁,၇၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။    မန္တလေး ပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၄,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး တအိတ်ကို  ၂,၂၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၄၆,၄၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၃,၅၀၀ ကျပ်ကနေ ငွေကျပ် ၄၄,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၇၃,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၇၀,၇၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၇၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၂,၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲနီပြား
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲနီပြားက ၅၅.၂၅ ပိဿာဝင် တအိတ်ကို ၁၀၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၂,၈၅၀ ကျပ်ကနေ ငွေကျပ် ၉၃,၉၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၂၆,၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းညိုအသစ်က ၄၅ ပိဿာဝင် တအိတ်ကို ၁၁၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၃,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ နှမ်းညိုအသစ်က တအိတ်ကို ၁၁၈,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၄,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၃၁,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၂,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၀,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲနဲ့ ပဲစင်းငုံနီကတော့ ဒီတပတ်မှာ အတော်ကို ဈေးအေးနေပါတယ်။ တတန်ကို ရာဂဏန်းလောက်သာ အတက်အကျ ရှိနေပါတယ်။ ဈေးကွက်အတွင်း ပုံမှန် ဝယ်လိုအားရှိပြီး ပုံမှန်ဝင်နေတဲ့အတွက် ဈေးက ငြိမ်နေတာလည်း ဖြစ်ပါတယ်။

နောက်သီးနှံတခုကတော့ နှမ်းညိုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ တလလုံး ဈေးဆက်တိုက် တက်ခဲ့ပေမယ့် သြဂုတ်လ အစမှာတော့ ဈေးတွေ ကျဆင်းသွားခဲ့ပါတယ်။ နှမ်းအသစ်တွေ ဆက်တိုက်ကို ဝင်လာတဲ့အတွက် ဈေးက ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

ကုလားပဲကလည်း လက်ရှိမှာ အတက်အကျ အနည်းငယ်သာ ရှိနေပြီး အတက်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ အိန္ဒိယအပြင် တရုတ် ဝယ်လက်တွေလည်း များလာတဲ့အတွက် ဈေးက ဆက်တိုက်ဆိုသလို တက်လာခဲ့ပါတယ်။ လက်ရှိ ကုလားပဲ v2 က တလအတွင်း တအိတ်ကို ၁၀,၀၀၀ ကျပ်ကျော် ဈေးတက်လာခဲ့ပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013