DVB Logo
Home
မြန်မာသတင်း
မြန်မာရေဘေးအတွက် ဂျပန်နိုင်ငံက ပေးသည့် မိုးကာတဲများ လေကြောင်းဖြင့်ရောက်ရှိ
DVB
·
August 9, 2018
မြန်မာရေဘေးအတွက် ဂျပန်နိုင်ငံက ပေးသည့် မိုးကာတဲများ လေကြောင်းဖြင့်ရောက်ရှိ
1 / 2
Donate to DVB

ရေဘေးသင့် မြန်မာပြည်သူတွေအတွက် ဂျပန်နိုင်ငံက ပေးအပ် လှူဒါန်းတဲ့သုံး ယောက်အိပ် မိုးကာတဲတွေနဲ့ ရေလှောင်ကန်တွေ သြဂုတ် ၇ ရက်က စင်ကာပူနိုင်ငံကနေတဆင့် လေကြောင်းနဲ့ ရောက်ရှိလာပါတယ်။

ရေဘေးဒုက္ခခံနေရသူတွေအတွက် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က လှူဒါန်းတဲ့ သုံးယောက်အိပ်မိုးကာတဲ ၁၀၀၀ လုံးနဲ့ ၃၅၀၀ လီတာဝင် ရေလှောင်ကန်  ၂၅ လုံးတို့ကို စင်ကာပူ ချန်ဂီလေဆိပ်ကနေ ရန်ကုန်လေဆိပ်ကို မနေ့မနက်က စင်ကာပူ လေကြောင်းလိုင်းပိုင် လေယာဉ်နဲ့ ရောက်ရှိလာတာလို့ JICA က သတင်းထုတ်ပြန်ပါတယ်။

အကူအညီပေးရေးပစ္စည်းတွေကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရုံးကိုပို့ဆောင်ပြီး ဂျပန်သံအမတ်ကြီးက တာဝန်ရှိသူတွေကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဂျပန်အစိုးရအနေနဲ့ ရေဘေးသင့် မြန်မာပြည်သူတွေအတွက်   ရေတိုင်ကီနဲ့ ရွက်ဖျင်တဲတွေ ကူညီပံ့ပိုးလှူဒါန်းမယ်လို့  ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက သြဂုတ် ၆ ရက်က နေပြည်တော်မှာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ- JICA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013