
မြန်မာနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်ကျူးကျော်နေထိုင်ခဲ့တဲ့ ထိုင်း ၉၂ ဦးကို ကော့သောင်း တရားရုံး က ထောင်ဒဏ် ၃ နှစ်နဲ့ ၆ လ ချမှတ်ခဲ့ပါတယ်။
နိုင်ငံအတွင်းတရားမ၀င်နေထိုင်မှု၊ သစ်တောများ ခုတ်ယူရှင်းလင်းမှုတွေနဲ့ အခုလို ချမှတ်လိုက်တာ ဖြစ်ပါ တယ်။
ဒီလို ချမှတ်လိုက်တဲ့ အထဲမှာ မူးယစ်ဆေးဝါး စိုက်ပျိုးတာ၊ လက်နက်တွေကိုင်ဆောင်တာနဲ့ အစိုးရ တပ်ဖွဲ့တွေကို နှောင့်ယှက်တာ မပါဘူးလို့လည်း ထိုင်း စစ်တပ်က အရာရှိတဦးကို ကိုးကားပြီး ထိုင်း အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။
မြန်မာအစိုးရဆီကနေ ပိုမိုပူးပေါင်း ကူညီဆောင်ရွက်ဖို့လည်း ထိုင်းက မျှော်လင့်နေတယ်လို့ ပြောပါတယ်။ တခြားအမှုတွေကို စစ်ဆေးဖို့ အချိန်ဘယ်လောက်ကြာမယ် ဆိုတာ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ ၉၂ ဦးမှာ အမျိုးသား ၈၂ ဦးနဲ့ အမျိုးသမီး ၁၀ ဦး ပါဝင်ပြီးတော့ ဒီမြေတွေကို ပွဲစားတွေက ရောင်းချခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှ မြန်မာပိုင်နက်ထဲကို ရောက်ရှိနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။











