DVB Logo
Home
မြန်မာသတင်း
ရေဘေးကြောင့် တနင်္သာရီ၊ ကရင်၊ မွန်နှင့် ပဲခူးတို့တွင်  ထိခိုက်ခံစားရမှုများဟု ဒုသမ္မတ ပြော
DVB
·
August 9, 2018
ရေဘေးကြောင့် တနင်္သာရီ၊ ကရင်၊ မွန်နှင့် ပဲခူးတို့တွင်  ထိခိုက်ခံစားရမှုများဟု ဒုသမ္မတ ပြော
Donate to DVB

ရေဘေးကြောင့် တနင်္သာရီ၊ ကရင်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ  ထိခိုက်ခံစားရမှု များပြားခဲ့တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

သြဂုတ် ၈ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ် ဇွန်နဲ့ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် သြဂုတ် ၈ ရက်အထိ လူ ၂ဝ ဦး သေဆုံးခဲ့ပြီး တသိန်းခွဲကျော် ရေဘေးသင့်နေတာ ဖြစ်ပါတယ်။

မနေ့ကလုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ ဒုသမ္မတ က  ရေဘေးသင့်ပြည်သူတွေအတွက် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကိုဖွဲ့စည်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

သဘာဝဘေးတစ်ခုဖြစ်ပေါ်ပြီး အရေးပေါ်ရှာဖွေကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေး လုပ်ငန်းတွေ ဆောင်ရွက်မှုအပြီးမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တယ်၊ ဒီလုပ်ငန်းတွေအတွက် လုပ်ငန်းကော်မတီ ၁၂ ခုမှာ  ပါရှိတဲ့၊ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ နှစ်ခုက အဓိကဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

လတ်တလောမှာ ရေဘေးကြောင့် ကရင်ပြည်နယ်မှာ ဒုက္ခသည်စခန်း ၁၇ ခု၊တနင်္သာရီမှာ ၈ ခု၊ မွန်ပြည်နယ်မှာ ၁ဝ ခု၊ ပဲခူးတိုင်းမှာ ၁၆ ခု၊ မကွေးတိုင်းမှာ ၃ ခုနဲ့ စစ်ကိုင်းတိုင်းမှာ စခန်း ၁ ခု အသီးသီး ဖွင့်လှစ်ထားရပြီး လူပေါင်းတသိန်းခွဲကျော် ခိုလှုံနေထိုင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013