DVB Logo
Home
မြန်မာသတင်း
နှစ် ၇၀ မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ ကျင်းပ
DVB
·
August 9, 2018
နှစ် ၇၀ မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ ကျင်းပ
1 / 5
Donate to DVB

ဒီကနေ့ သြဂုတ် ၉ ရက်မှာ ကျရောက်တဲ့ နှစ် ၇၀ ပြည့် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြလဲ (ခ) မန်းလားကျေးရွာမှာ  ကရင်နီ လက်နက်ကိုင်အဖွဲ့တွေ စုပေါင်း ကျင်းပပါတယ်။

ဒီကနေ့ပြုလုပ်တဲ့အစီအစဉ်မှာ ၁၉၄၈ ခုနှစ် ကရင်နီအမျိုးသား ခုခံတော်လှန်ရေး စတင်ချိန်ကစပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ကျဆုံးသွားသူပြီဖြစ်တဲ့ ခေါင်းဆောင် ၇ ဦးကို အောက်မေ့ဖွယ် ဂုဏ်ပြုတဲ့အစီအစဉ်ပြုလုပ်ခဲ့သလို တော်လှန်ရေးမှာပါဝင်ပြီး အခုချိန်ထိ အသက်ရှင်သူတွေကိုလည်း ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်ခဲ့တယ်လို့လည်း  ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ (ကေအန်ပီပီ) အတွင်းရေးမှူး (၂) ခူးဒယ်နီရယ်က ပြောပါတယ်။

ဒီနေ့အခမ်းအနားမှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကယောနီအမျိုးသားငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးပါတီ၊ ကရင်နီအမျိုးသားစည်းလုံး ညီညွတ်ရေးအဖွဲ့ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဒေသခံတွေ ရာနဲ့ချီ တက်ရောက်ခဲ့ပါတယ်။

၁၉၄၈ သြဂုတ် ၉ ရက်က ကရင်နီပြည်ထောင်စုကောင်စီရုံးစိုက်ရာ ဒီးမော့ဆိုမြို့နယ်၊ မြလဲကျေးရွာကို ဖဆပလ အစိုးရတပ်တွေက ၀င်ရောက်တိုက်ခိုက်လို့ တိုက်ပွဲ ဖြစ်ပြီး ကရင်နီ အမျိုးသားကောင်စီ ဥက္ကဋ္ဌ ဂိုဘီတူရီ ကျဆုံးခဲ့တဲ့နေ့ကို ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အဖြစ် သတ်မှတ် နှစ်စဉ်ကျင်းပတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-KNIC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013