DVB Logo
Home
မြန်မာသတင်း
၂၀၁၈ ခုနှစ် မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲ ထိုင်းတွင် ၃ ကြိမ်မြောက် လက်ခံကျင်းပမည်
DVB
·
August 8, 2018
၂၀၁၈ ခုနှစ် မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲ ထိုင်းတွင် ၃ ကြိမ်မြောက် လက်ခံကျင်းပမည်
Donate to DVB

၂၀၁၈ ခုနှစ်အတွက် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမယ်လို့ သည်နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့ ကျင်းပသွားမှာဖြစ်ပြီး ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ ၃ ကြိမ်မြောက် လက်ခံကျင်းပခွင့်ရတာလို့ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို မယ်စကြဝဠာ အဖွဲ့အစည်း ဥက္ကဋ္ဌ ပေါ်လာရှုဂါ့ထ်၊ ၂၀၁၇ ခုနှစ် မယ်စကြဝဠာဆုရင် ဒေမီလိဂ်နယ်လ်ပီတာစ်တို့နဲ့အတူ ၁၉၆၅ ခုနှစ် မယ်စကြဝဠာ အလှမယ်ဟောင်း အပါဆရာဟောင်ဆာကူလာ၊ ၂၀၀၅ ခုနှစ် မယ်စကြဝဠာအလှမယ် နာတလီ ဂလီဘိုဗာတို့လည်း တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲတွေကို ထိုင်းနိုင်ငံမှာ ၁၉၉၂ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ၂ ကြိမ် လက်ခံကျင်းပခဲ့ဖူးပြီး ခုလာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပမယ့် ပြိုင်ပွဲကတော့ ၃ ကြိမ်မြောက် လက်ခံကျင်းပခွင့်ရရှိတာပါ။

ထိုင်းနိုင်ငံအနေနဲ့ မယ်စကြဝဠာ အလှမယ်ဆုတွေကို ၁၉၆၅ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ်တွေမှာ ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။

Photo : nationmultimedia

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013