DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 8, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၀,၉၅၀ ကနေ ၄၁,၉၀၀ ကျပ် ပါက်ဈေးရှိပြီး တအိတ်ကို ၅၀ ကျပ် ဈေးတက်လာပါတယ်။   မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၃,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး တအိတ်ကို  ၂,၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၄၆,၃၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက် ပိုင်အသင်းမှာတော့ တအိတ်ကို ၄၃,၅၀၀ ကျပ်ကနေ ငွေကျပ် ၄၄,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂,၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ရန်ကုန် ကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၄၇၅ ကျပ်ကနေ ၅၇၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄၅၀ ကျပ်ကနေ ၅၇၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တပိဿာကို ၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းပြာ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲလွန်းပြာက ၅၄.၂၅ ပိဿာဝင် တအိတ်ကို ၄၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ဈေးကွာခြားမှု မရှိပါဘူး။

စားအုန်းဆီ
မန္တလေး ကုန်စည်ဒိုင်မှာ စားအုန်းဆီက တပိဿာကို ၁,၉၄၀ ကျပ်ကနေ ၁,၉၅၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၁၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁,၉၃၀ ကျပ်ကနေ ၁,၉၅၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ဈေးကွာခြားမှု မရှိပါဘူး။

နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၁၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၃,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ နှမ်းညိုအသစ်က တအိတ်ကို ငွေကျပ် ၁၂၁,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013