DVB Logo
Home
မြန်မာသတင်း
လူငယ်များအတွက် ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးရန် တောင်းဆို
DVB
·
July 26, 2012
လူငယ်များအတွက် ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးရန် တောင်းဆို
Donate to DVB

လူငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးဖို့  မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးက ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရည်ရွယ်တောင်းဆိုတာဖြစ်ပြီး ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက House of Media and Entertainment (HOME)မှာ  ဇူလိုင် ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးတွေပေါ်မှာ နေထိုင်တဲ့ လူငယ်တွေလောက်သာ ပညာရေး အတော်အသင့်ရရှိနေပြီး မြို့နဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသတွေက လူငယ်တွေက ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ အဲ့ဒီ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံလူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ထက်ပိုင်အောင်က “မကြာခင်အချိန်အတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတော့မယ် အဲ့တော့ ခေတ်သစ်လူငယ်တွေက အဆင်သင့် မရှိသေးဘူး။ ပညာမတတ်ဘူး၊ ဒီပြဿနာကို မဖြေရှင်းပေးဘူးဆိုရင် တာဝန်ရှိသူတွေက တာဝန်ပျက်ကွက်တယ်လို့ ပြောချင်ပါတယ်။ ဒါတွေကို အလေးထား ဆောင်ရွက်ပေးဖို့လိုတဲ့ ဟာတွေပါ။ နယ်တိုင်းမှာ ကြည့်လိုက် လက်ဖက်ရည်ဆိုင်တော့ရှိတယ်။ လူငယ်တွေကတော့ အလုပ်အကိုင် မရှိဘူး။ ဘောလုံးပွဲကြည့်နေတဲ့ လူငယ်တွေ၊ လောင်းကစားလုပ်နေတဲ့ လူငယ်တွေ သူတို့ဟာ မိဘတွေကို မှီခိုပြီး ဘဝပျောက်နေတဲ့ လူငယ်တွေ အများကြီးရှိတယ် ဆိုတာတွေကို အလေးအနက်ထား ဖြေရှင်းပေးပါလို့ တောင်းဆိုပါတယ်”  လို့ ပြောပါတယ်။

ဇူလိုင် ၂၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပညာရေးအဆင့်အတန်း နိမ့်ကျခြင်းနဲ့ အလုပ်အကိုင်နည်းပါးခြင်း၊ ပြည်တွင်း အလုပ်ရှားပါးတာကြောင့် ပြည်ပကို လူငယ်တွေ အလုံးအရင်း ထွက်ခွာ အလုပ်လုပ်ရခြင်း စတဲ့ အချက်ကို ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံလူငယ်များအစည်းအရုံးကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ဇွန်လမှာ အဖွဲ့ရဲ့ တာဝန်ခံခေါင်းဆောင်တွေကို အဖွဲ့ဝင်တွေရဲ့ ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ပွင့်လင်းလူအဖွဲ့အစည်း ခရီးစဉ်တွေမှာလည်း အဲ့ဒီအဖွဲ့ဝင်တွေ လိုက်ပါ ဆွေးနွေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/myu/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013