
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနှစ် ၃၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ မုံရွာမြို့တော်ခန်းမမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပနေပါတယ်။
ဒီအခမ်းအနားကို သွေးသစ္စာ သီချင်းနဲ့ စတင်ဖွင့်ခဲ့ပြီး အရေးတော်ပုံကာလ ကျဆုံးသွားသူတွေကို ဦးညွတ်ကာ အလေးပြုခဲ့ကြပါတယ်။
ဒီအခမ်းအနားကို မုံရွာမြို့ခံ နိုင်ငံရေးအင်အားစုတွေ၊ စာရေးဆရာတွေ၊ ဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ အမှတ်တရစကား ပြောကြားတာ၊ ကဗျာရွတ်တာ၊ စာတမ်းဖတ်ကြားတာ၊ သရုပ်ဖော် တင်ဆက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။










