DVB Logo
Home
မြန်မာသတင်း
ဗုဒ္ဓဘာသာဝင်ကိုယ်စားလှယ်တဦးကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခန့်မည်
DVB
·
August 8, 2018
ဗုဒ္ဓဘာသာဝင်ကိုယ်စားလှယ်တဦးကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခန့်မည်
Donate to DVB

မြန်မာနိုင်ငံရှိ ကိုးကွယ်ရာ ဘာသာအသီးသီးရဲ့ သဘောဆန္ဒအရ ကိုးကွယ်မှု အများဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာအဖွဲ့မှ စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူ ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ်တဦးကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ် ခန့်အပ်သွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သံတမန်အတွေ့အကြုံရှိပြီး အသက်အရွယ် ကြီးရင့်တဲ့ ကိုယ်စားလှယ်တဦးကို ဂုဏ်ထူးဆောင် ဦးစီးနာယက၊ ခရစ်ယာန်ဘာသာဝင် ကိုယ်စားလှယ်တဦးကို အထွေထွေအတွင်းရေးမှူးအဖြစ် အသီးသီး တာဝန်ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာ ကိုယ်စားလှယ်တွေ အချိုးညီစွာ ပါဝင်တဲ့ နာယကတွေ၊ ဒုဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေနဲ့ အလုပ်အမှုဆောင်တွေကို ရွေးချယ်တာဝန်ပေးအပ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013