DVB Logo
Home
မေးမြန်းခန်း
ရခိုင်က ဒုက္ခရောက်သူများကို မွတ်ဆလင်အဖွဲ့ လှူဒါန်း
DVB
·
July 20, 2012
Donate to DVB

ရခိုင်ပြည်နယ်က အကြမ်းဖက်မီးရှို့မှုတွေကြောင့် ဒုက္ခရောက်သူတွေကို တတ်နိုင်သလောက် ကူညီနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးရဲ့ တာဝန်ရှိသူတွေ က ပြောပါတယ်။

ရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပတ်သက်မှု မရှိဘူးလို့ အဲဒီအဖွဲ့ကြီးထဲက အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာမွတ်ဆလင် အမျိုးသားရေးရာအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်က ပြောပါတယ်။

အဲဒီနယ်ပယ်က အခြေအနေ ဘာတွေ တွေ့ခဲ့လဲ နည်းနည်းပြောပြပါလား။

“ကျနော် မရောက်ဘူး။ ကျနော့်အဖွဲ့တွေ သွားကြတာလေ။ လက်ရောက်ပေးပြီး လှူဒါန်းလို့ ရပါပြီ။ ”

အစ္စလာမ်ဘာသာဝင်တွေရဲ့ ရှောင်တိမ်းတဲ့သူတွေဆီကို သူတို့ရဲ့ လိုအပ်ချက်ကို ထောက်ပံ့နိုင်ရဲ့လား။ ဘယ်လိုမျိုးရှိလဲဗျ။

“အရေအတွက်က များတော့ ကျနော်တို့ ပေးတဲ့ အရေအတွက်နဲ့ အပြည့်အ၀တော့ မထောက်ပံ့နိုင်ဘူး။ လတ်တလောတော့ အဆင်ပြေအောင် လုပ်ပေးနိုင်ခဲ့တယ်လေ။”

ဦးကျော်ခင်တို့ ရခိုင်ဒေသမှာ ဖြစ်ပွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကိန်းဂဏန်းတွေက  တချို့က ပြည်ပမှာ ပြောတယ်။ အစ္စလာမ်ဘာသာဝင် ထောင်နဲ့ ချီပြီးတောင် သေပျောက်တယ်ပြောတော့ ဦးကျော်ခင်တို့က အဲဒီနေရာကို သွားရောက်သတင်းယူတော့ ဘယ်လောက်ထိအောင် အသေအပျောက်တွေ ကြားလဲ။

ကျနော်တို့လည်း အတိအကျတော့ စာရင်းက ကောက်လို့ မရသေးဘူး။ ကျနော်တို့ ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းက လွဲရင်လည်း လွဲမယ်။ မှန်ရင်လည်း မှန်မယ်။ ကျနော်တို့လည်း အတိအကျ မသိပါဘူး။

စစ်တွေမှာ မြို့မဈေးကနေ အစ္စလာမ်ဘာသာဝင်တွေကို ဆိုင်ခန်းတွေကနေ ပစ္စည်းတွေ ယူခိုင်းပြီးတော့ သဲချောင်းလို နေရာမျိုးမှာ နေရာချတယ်ဆိုတော့လေ အဲဒီလူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေရော ဘယ်လိုလဲ။

“ဆိုင်ခန်းကနေ ပစ္စည်းသယ်တဲ့ကိစ္စ တချို့ သတင်းကြားတာကတော့ အစ္စလာမ်ဘာသာဝင်တဲ့ လုပ်ငန်းရှင်တွေက သူတို့ သူဌေးက  သယ်ချင်တယ်လို့ ပြောလို့ သယ်ခွင့်ပြုတဲ့သဘောပေါ့လေ။ ဒါလည်း ပါတယ်။ ဈေးကြီး ပြန်ဖွင့်ချင်တယ်ဆိုတော့ တကယ်လို့များ ဆိုင်ခန်းတွေ ဖွင့်လိုက်ရင် ဈေးထဲမှာ ပစ္စည်းဘာညာနဲ့ လုယက်မှု ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုနဲ့လည်း ပစ္စည်းတွေကို ဖယ်တာလည်း ဖြစ်ပါလိမ့်မယ်။”

ဆိုင်ခန်းတွေက သိန်းနဲ့ချီပြီး တန်မယ်ဆိုတော့လေ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုး သိရလဲ။

“အခုဟာက သူတို့ သယ်ချင်လို့ သယ်သွားတဲ့ ပုံစံမျိုးလေ။ ဆိုင်သိမ်းတယ်ဘာညာဆိုတာကတော့ တရားဝင် မဟုတ်ပါဘူး။”

အင်တာနက်တွေ မီဒီယာတွေမှာ ပျံ့နေသလိုမျိုး ဦးကျော်ခင်တို့ ပြည်တွင်းမှာနေတဲ့ မွတ်ဆလင်တွေ နဲ့ ပြည်ပရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့ အဆက်အစပ်ရှိလား။

“မရှိပါဘူး။ ကျနော်တို့က အစိုးရအသိအမှတ်ပြု အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းပါ။ နိုင်ငံတော်နဲ့ in line သွားပါတယ်။ ပြည်ပ တရားမ၀င်အဖွဲ့အစည်း ဘယ်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ် မလုပ်ပါဘူး။”

ကူညီတဲ့အဖွဲ့တွေ ဘယ်အဖွဲ့တွေ သွားကြပါသေးလဲ။

“အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့၊ အစ္စလာမ်သာသနာရေးကောင်စီ ဌာနချုပ်၊ မော်လ၀ီများ အဖွဲ့ဌာနချုပ်၊ မြန်မာမွတ်ဆလင်လူမှုရေး၊ ဘာသာရေးအဖွဲ့ချုပ်၊ မြန်မာမွတ်ဆလင် အမျိုးသားရေးရာအဖွဲ့ချုပ်၊ အဲ့အဖွဲ့ကြီး ၅ ခုက နိုင်ငံတော်က အသိအမှတ်ပြုတယ်လေ။ ဒါဟာ လူသားချင်းစာနာတဲ့ကိစ္စဖြစ်တယ်။ ဘာသာဝင်အချင်းချင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်ဆိုတော့လေ။ နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အနေအထားရှိပါတယ်။”

ပည်ပတွေမှာရေးနေတာက ဗုဒ္ဓဘာသာတွေ၊ ဒါမှမဟုတ် ရခိုင်အကြမ်းဖက်သမားတွေကနေ ရိုဟင်ဂျာတွေကို အစုအပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုပြီး သတင်းတွေရေးပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုခံစားရပါသလဲ ဘယ်လိုတုံ့ပြန်ပါသလဲ။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်ကိုလည်း တင်ပြထားပြီးပြီ။ နိုင်ငံတော်ကလည်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စနစ်တကျ ဆောင်ရွက်နေတယ် ဆိုတော့လေ တချိန်ချိန်တော့ ပေါ်လာမှာပဲလေ ဒီကိစ္စတွေက။ ဘယ်သူကနေ ဆောင်ရွက်သလဲ။ ဘာဖြစ်တယ်ဆိုတာတော့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013