DVB Logo
Home
မြန်မာသတင်း
မန္တလေး ပြည်​ကြီးတံခွန်​မြို့နယ်​တွင် မီး​လောင်
DVB
·
August 8, 2018
မန္တလေး ပြည်​ကြီးတံခွန်​မြို့နယ်​တွင် မီး​လောင်
Donate to DVB

မန္တလေး၊ ပြည်​ကြီးတံခွန်​မြို့နယ်​မှာ သြဂုတ်​ ၈ ရက်​​နေ့ မနက်​ ၃ နာရီ​ကျော်​က မီးလောင်မှုဖြစ်ပွားခဲ့လို့ လူနေအိမ် ၁၅ လုံးလောက် မီးလောင်ဆုံးရှုံးသွားပါတယ်။

ဘုရင့်နောင်​လမ်းနဲ့ ကျန်​စစ်​သားလမ်းကြားက (စ) ရပ်​ကွက်​၊ ထ-ထ-၁၃ မှာ​ နေထိုင်​တဲ့ အိမ်​ရှင်​ ဦးသိန်းသိန်းဦး​ရဲ့ နေအိမ်​ကနေ  စတင်​မီး​လောင်​ကျွမ်းမှု ဖြစ်​​ပေါ်ခဲ့တာပါ။

နေအိမ်မီးထဲ ပါသွားတဲ့ ကိုတင်​မင်းဦးက “​ဖောင်း​ဖောင်း အသံကြားမှ ကျ​နော်​ ထကြည့်မိတော့ မီး မီး ဆိုပြီး အော်​သံကြား​တယ်​။  ဒါနဲ့ မိန်းမ​​ကို နိုးပြီး လွတ်​ရာကို​ ပြေးခိုင်းပြီး ဆိုင်​ကယ်​ ထုတ်​လိုက်​တယ်။ ​ ဆိုင်​ကယ်​ထုတ်​​နေရတာနဲ့ပဲ တခြား ဘာပစ္စည်းမှ မရလိုက်​ဘူး။ မီး​က​ တော်​​တော်​​လောင်​​နေတာကို​တောင်​ လျှပ်စစစ်​မီးက မငြိမ်းဘူး။ ကျ​နော့်​အိမ်​က​တော့ ဘာမှကို မရလိုက်​ဘူး မီးထဲ ပါသွားတယ်​” လို့ ပြောပါတယ်။

အဆိုပါ မီးလောင်မှုကို မီးသတ်​ကား ၅၀​ ကျော်​၊ မီးသတ်​အင်​အင်​အား၂၀၀ ​ကျော်​နဲ့အတူ ရပ်​ကွက်​သူ ရပ်​ကွက်​သား​တွေက ဝိုင်းဝန်းပူးပေါင်း ငြှိမ်းသတ်​ခဲ့ကြလို့  မီးငြိမ်းသွားခဲ့ပါတယ်။

မန္တလေးတိုင်း မီးသတ်​တပ်​ဖွဲ့မှူး  ဦးသန်း​ဇော်​ဦးက “ကျ​နော်​တို့မီးကို အချိန်​မီ ထိန်းသိမ်းနိုင်​ခဲ့ပါတယ်​။ ​မီးလောင်​ဆုံရှုံးခဲ့တဲ့ အိမ်​​တွေက​တော့ ခု​လော​လောဆယ်​​ ခန့်​မှန်း​ခြေအရ ၁၀ လုံး​ ကျော်​မယ်​လို့ ထင်​ပါတယ်​။ ဆုံးရှုံးမှုတန်​ဖိုးနဲ့ စတင်​​လောင်​တာကို​တော့ ကျ​နော်​တို့ တွက်​ချက်​ပြီး စုံစမ်း​နေဆဲ ဖြစ်​ပါတယ်​ ​”လို့ ပြောပါတယ်။

မီးစတင်​​လောင်​ကျွမ်းခဲ့တဲ့ နေအိမ်ရဲ့ အိမ်​ရှင်​ကို​တော့ မီးသတ်​ဥပ​ဒေအရ အ​ရေးယူ​ ဆောင်​ရွက်​သွားမယ်လို့လည်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013