DVB Logo
Home
မြန်မာသတင်း
မြို့ရေလွှမ်းသဖြင့် မြစ်သားမြို့လူထု ဆန္ဒထုတ်ဖော်
DVB
·
July 25, 2012
မြို့ရေလွှမ်းသဖြင့် မြစ်သားမြို့လူထု ဆန္ဒထုတ်ဖော်
Donate to DVB

မန္တလေးတိုင်း မြစ်သားမြို့မှာ စမာဆည်တည်ဆောက်ထားတာ ဖျက်သိမ်းပေးဖို့ ဒီနေ့မနက်ပိုင်း က မြို့လူထု ၁၀၀ လောက် မြို့တွင်း စီတန်းလှည့်လည်ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။

ခွင့်ပြုချက်တင်ပြီးမှ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပြီး ဆန္ဒ ထုတ်ဖော်ရတဲ့ အကြောင်းအရင်းကို ခေါင်းဆောင်သူ တဦးဖြစ်တဲ့ မြို့ခံ ဦးရဲညွန့်က အခုလို ပြောပါတယ်။

“မြစ်သားမြို့ဟာ နှစ်ပေါင်း ၂၀ ကျော်လောက် လုံးဝရေမကြီးပါဘူး။ အခု စမာရေလွှဲ ဆည် ဆောက်လိုက် တဲ့အတွက် မြစ်သားမြို့ဟာ တနှစ် ၁ ကြိမ် ၂ ကြိမ် ရေကြီးတယ်။ မိုးရွာတိုင်းလည်း ရေတွေက ထွက်ပေါက် မရှိတဲ့အတွက် ရေကြီးနေပါတယ်။ မြေတွေကို သိုလှောင်ထားတဲ့ အတွက် ဆည်ထဲမှာ ဗေဒါတွေ၊ ဒိုက်တွေ ဖုံးနေပါတယ်။ အဲ့အတွက် ငှက်ဖျားတွေ၊ သွေးလွန် တုပ်ကွေးတွေ အဖြစ်များတယ်။ သောက်သုံးရေတွေ ညစ်ညမ်းသွားတဲ့အတွက် တွင်းရေတွေ သောက်လို့ သုံးလို့ မရတော့ဘူး။ ဒါကိုလည်း သမ္မတကြီးဆီ တင်ပြထားပါတယ်။ ဒါပေမယ့် အခု သူတို့က ဒီ ၂ လအတွင်းမှာ စမာဆည် သဲထုတ်ရေထိန်းတံခါးကို ပျာယီးပျာယာ အတင်းဆောက်နေတဲ့အတွက် မြို့လူထုက မကျေနပ်လို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်။”

၁၉၉၈ ခုနှစ် စမာဆည်တည်ဆောက်ပြီးစီးခဲ့စဉ်ကတည်းက မြို့ကို ရေလွှမ်းတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ တာပါ။

ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့တဲ့ စမာဆည် သဲထုတ်ရေထိန်းတံခါး ဖွင့်ပွဲမှာ အခု ရေထိန်းတံခါး တည်ဆောက်ရတာဟာ မြို့ရေကြီးတာ ကာကွယ်ဖို့ဖြစ်တယ်လို့ ဆည်မြောင်းဦးစီးဌာန ဒုညွှန်ချုပ်က ပြောကြားခဲ့တဲ့အကြောင်း အဲ့ဒီပွဲတက်ခဲ့တဲ့ မော်ဒန်သတင်းဂျာနယ်၊ သတင်းထောက် မသက်စုအောင်က ပြောပါတယ်။

“ဆည်ကိုဆောက်ရင် သဲထုတ် ရေထိန်းတံခါး ပါကို ပါရမယ်တဲ့။ ဒါပေမယ့် ၁၉၉၇ ဆောက်ခဲ့တုန်းက သဲထုတ်ရေတံခါးမပါခဲ့ဘူး။ မပါတဲ့အတွက် မြစ်သားမြို့ရေကြီးရေလျှံတာတွေ ဖြစ်တဲ့အတွက် ရေကို လိုအပ်တဲ့အချိန် လှောင်မယ်။ စိုက်ပျိုးရေဧရိယာတွေကို ပေးမယ်တဲ့။ မလိုအပ်ဘဲ ရေတအားများလာ ရင် ရေတံခါးကိုဖွင့်ပြီးတော့ ရေကိုဖောက်ချမယ်တဲ့။ ဒီလိုလုပ်မှာဖြစ်တဲ့အတွက် သူ့ဘာသာ မိုးစံချိန်တင်ရွာပြီးတော့ ထူးထူးကဲကဲမိုးရွာပြီးတော့ ရေကြီးတာတပိုင်း၊ ဆည်ကြောင့်တော့ မြစ် သားမြို့ ရေမကြီးစေရပါဘူးလို့ အာမခံသွားတယ်။”

မြို့လူထု ၁၀၀ လောက်ဟာ ၁ မြောင်းတူးလည်း ရေမလွှဲ၊ ၂ မြောင်းတူးလည်း ရေမလွှဲ၊ တောင်သူ မွဲတာ ရေလွှဲဆည်ကြောင့်၊ မလွှဲဘဲနဲ့ အလွှဲပြ ကိုယ့်အတ္တကို ရှေ့တန်း မတင်နဲ့၊ မြေအောက်ရေ ထုပျက်စီးတာ ရေလွှဲဆည်ဟာ တရားခံအစစ်၊ ရေလွှဲဆည်ကို ဖျက်မပေးချင် မြို့ကိုရွှေ့ဖို့ စဉ်းစားသတဲ့၊ ပြည်သူ့ဆန္ဒ ရှေ့တန်းမတင် ကောင်းတယ်ထင်ရင် လုပ်ကြပါတော့ အစရှိတဲ့ စာသားပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး  မြစ်သာမြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013