DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေကြီးပြီး မုံရွာနှင့် မင်းကင်းတွင် စိုးရိမ်ရေမှတ် ကျော်လွန်နေ
DVB
·
August 7, 2018
ချင်းတွင်းမြစ်ရေကြီးပြီး မုံရွာနှင့် မင်းကင်းတွင် စိုးရိမ်ရေမှတ် ကျော်လွန်နေ
Donate to DVB

ချင်းတွင်းမြစ်ရေတက်လာနေပြီး မုံရွာနဲ့ မင်းကင်းမြို့တွေမှာ စိုးရိမ်ရေမှတ် ကျော်လွန် ရောက်ရှိနေတယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒီမနက် ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၇ ရက် မနက် ၆နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့မှာ စိုးရိမ်ရေမှတ်ရဲ့ အထက်ကို  ကျော်လွန်ပြီး ၁၀၀၁ စင်တီမီတာမှာ ရောက်နေသလို၊ မင်းကင်းမြို့မှာလည်း စိုးရိမ်ရေမှတ် အထက် ၁၃၇၉ စင်တီမီတာမှာ ရောက်နေပါတယ်။

အလားတူ ဟုမ္မလင်း၊ မော်လိုက်နဲ့ ကလေးဝမြို့တွေမှာလည်း  အဆိုပါမြို့တွေရဲ့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိဖို့ နီးစပ်နေပြီလို့  မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

သံလွင်မြစ်ရေကတော့ ဘားအံမှာ စိုးရိမ်ရေမှတ် အထက် ဆက်ရှိနေသလို စစ်တောင်းမြစ်ရေဟာလည်း မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်နဲ့ ငဝန်မြစ်ရေက သာပေါင်းမြို့မှာ စိုးရိမ်ရေမှတ် အထက်မှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013