DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၂) ကို  လွှတ်တော် အတည်ပြု
DVB
·
August 7, 2018
ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၂) ကို  လွှတ်တော် အတည်ပြု
Donate to DVB

ပြည်ထောင်စုငြိမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေး ရလဒ်ဖြစ်တဲ့  အချက် ၁၄ ချက်ပါ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၂ ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

သြဂုတ် ၇ ရက်က ပြည်ထောင်စုလွှတ်တော်ကို သမ္မတက ပေးပို့ထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၂ ကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဝင် ဦးထွန်းထွန်းဦးက တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးကဏ္ဍ ၄ ချက်၊ စီးပွားရေးကဏ္ဍ ၁ ချက်၊ လူမှုရေးကဏ္ဍ ၇ ချက်နဲ့ မြေယာကဏ္ဍ ၂ ချက် စုစုပေါင်း အချက် ၁၄ ချက် ပါဝင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၂ ကို ဇူလိုင် ၁၆ ရက်က ပြီးခဲ့တဲ့ ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကနေ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ အဖြစ် ၃၇ ချက် အတည်ပြုထားခဲ့ပြီး ပြီးခဲ့တဲ့ တတိယအကြိမ်မှာ ထပ်မံအတည်ပြု သဘောတူခဲ့တဲ့ ၁၄ ချက်နဲ့ဆိုရင် ပြည်ထောင်စု သဘောတူစာချုပ်မှာ စုစုပေါင်း အချက် ၅၁ ချက် ရှိပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း ၁ မှာ နိုင်ငံရေးကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍ မူဝါဒ သဘောတူညီချက် ၄ ချက်နဲ့ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၀ ချက် စုစုပေါင်း ၃၇ ချက် ပါဝင်ပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁ နဲ့ ၂ ရရှိဖို့အတွက် အစိုးရအစုအဖွဲ့ ကိုယ်စားလှယ်၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ်၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ်တို့ ပါဝင်ဆွေးနွေးခဲ့ကြရတာ ဖြစ်ပါတယ်။

Photo : Union Peace Conference - 21st Century Panglong - Third Session

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013