DVB Logo
Home
မြန်မာသတင်း
နီနီခင်ဇော်နှင့် ယုန်လေးတို့ သီဆိုသည့် ရုပ်ရှင်ဇာတ်ဝင်တေး ကြည့်ရှုသူ ၃ သိန်းကျော်ရှိ (ရုပ်သံ)
DVB
·
August 7, 2018
နီနီခင်ဇော်နှင့် ယုန်လေးတို့ သီဆိုသည့် ရုပ်ရှင်ဇာတ်ဝင်တေး ကြည့်ရှုသူ ၃ သိန်းကျော်ရှိ (ရုပ်သံ)
Donate to DVB

 

“မချစ်သင့်တော့သူမို့… ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့တာ အပြစ်ရှိလားကွာ… ချည်နှောင်နေတဲ့ ကြိုးများ ဖြေပေးလိုက်ပြီ… ငါ”

ဒါကတော့ အဆိုတော် နီနီခင်ဇော်နဲ့ ယုန်လေးတို့ သီဆိုထားကြတဲ့ ရုပ်ရှင်ဇာတ်ဝင်တေး တပုဒ်ထဲက သီချင်းစာသားတွေဖြစ်ပြီး လက်ရှိမှာတော့ ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာပါ။

ဒီသီချင်းရဲ့ အမည်ကိုတော့ လူကြမ်းတယောက် အသည်းကွဲခြင်းလို့ ပေးထားခဲ့ပြီး လူကြမ်းတယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်တေးတပုဒ်ဖြစ်ကာ ယုန်လေးက သူကိုယ်တိုင် ရေးစပ်ထားတာ ဖြစ်ပါတယ်။

“မင်းပျော်တာ ဘဝတခု… ငါပျော်တာ ဘဝတခု… ငါတကယ်နေချင်တာ… မသေမချင်း မင်းနဲ့အတူ… မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူးဆိုတာ ဘာစောက်ဆင့်မှ မရှိတဲ့ ပတ်ဝန်းကျင်တခုရဲ့ ခြားနားမှု…”

သီချင်းရုပ်သံ ဗွီဒီယိုဖိုင်ထဲမှာတော့ ခရစ်ယာန်ဘုရားကျောင်း တခုထဲမှာ ရိုက်ကူးထားခဲ့တဲ့ သူတို့နှစ်ဦးနဲ့ ဇာတ်ဝင်ခန်းထဲက ပုံရိပ်တွေကိုပါ ကြည့်ရှုခံစားကြရမှာဖြစ်ပြီး ဒီသီချင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ ပရိသတ် ၃ သိန်းခွဲနီးပါး ရှိနေပါပြီ။

ဒီရုပ်ရှင်ကားကို သားညီက ဒါရိုက်တာအဖြစ် ရိုက်ကူး ပုံဖော်ပေးထားခဲ့တာဖြစ်ပြီး လူမင်း၊ ယုန်လေးနဲ့ ထားထက်ထက်တို့က ခေါင်းဆောင်ပါဝင်ထားကြတာ လာမယ့် သြဂုတ် ၁၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013