DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ သမာသမတ်ရှိ၍ မြန်မာအပေါ် အပြစ်ရှာသည့် လုပ်ရပ် မလုပ်ရန် ကာချုပ် သတိပေး
DVB
·
August 7, 2018
ရခိုင်အရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ သမာသမတ်ရှိ၍ မြန်မာအပေါ် အပြစ်ရှာသည့် လုပ်ရပ် မလုပ်ရန် ကာချုပ် သတိပေး
Donate to DVB

ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ သမာသမတ်ရှိဖို့နဲ့  မြန်မာနိုင်ငံအပေါ်အပြစ်ရှာတဲ့ လုပ်ရပ်မျိုး မလုပ်မိဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနဲ့ သြဂုတ် ၆ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဖြစ်ပွားခဲ့တဲ့ အခြေအနေမှန်တွေကို ပေါ်လွင်အောင်ဖော်ထုတ်ကာ နိုင်ငံတကာက သိရှိအောင်ဆောင်ရွက်ဖို့ လိုအပ်တဲ့အခြေအနေတွေ၊  မြန်မာ ပြည်သူတွေ ကို စိုးရိမ်စိတ်ဖြစ်ပေါ်စေနိုင်မယ့် ပြဿနာပိုမိုကြီးထွားစေတဲ့ အခြေအနေမျိုးမဖြစ်ပေါ်စေဖို့ အရေးကြီးတယ်လို့လည်း တပ်မတော် အကြီးအကဲက ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့ရေးတွေ လုပ်ဆောင်ရာမှာ ဒေသခံရခိုင် တိုင်းရင်းသားတွေကိုပါ သာတူညီမျှကူညီ ဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်စတင် လျှောက်လှမ်းချိန်မှာ ဂျပန်နိုင်ငံက စေတနာထားပြီးကူညီဆောင်ရွက်ပေးမှုတွေနဲ့  ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် ကူညီဆောင်ရွက်ပေးမှုတွေကို ကျေးဇူးတင်ရှိကြောင်းလည်း ကာကွယ်ရေး ဦးစီးချုပ်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို ပြောသွားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဂျပန်နဲ့ ဖိလစ်ပိုင်သံအမတ်ကြီးတွေ ပါဝင်တဲ့ ၄ ဦး ပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို  မြန်မာအစိုးရက ဇူလိုင် ၃၀ ရက်က ဖွဲ့စည်းထားပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို လုပ်ပိုင်ခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပေးထားမှာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာပါတဲ့ အဖွဲ့ဝင်တွေကလည်း အရည်အချင်း ပြည့်စုံသူတွေ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013