DVB Logo
Home
Lead Story
ရှစ်လေးလုံးအရေးတော်ပုံအပေါ် မျိုးဆက်သစ်ကျောင်းသားများ၏ ပြောစကား (ရုပ်သံ)
DVB
·
August 7, 2018
ရှစ်လေးလုံးအရေးတော်ပုံအပေါ် မျိုးဆက်သစ်ကျောင်းသားများ၏ ပြောစကား (ရုပ်သံ)
Donate to DVB


 

မဆလ တစ်ပါတီအာဏာရှင်စနစ်ကို မြန်မာတပြည်လုံးအနှံ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေက အုံကြွတော်လှန်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီးဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၃၀ ကြာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကနေ့ခေတ်မှာ မွေးဖွားကြီးပြင်းလာခဲ့ကြပြီး  ၈၈၈၈ အရေးတော်ပုံကို ကိုယ်တိုင်မြင်တွေ့ ခွင့်မရခဲ့ကြတဲ့ မျိုးဆက်သစ်ကျောင်းသား လူငယ်တချို့ရဲ့ အမြင်တွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

ပိုင်စိုးမင်း (ဒုတိယနှစ်၊ ဘူမိဗေဒဌာန၊ ဒဂုံတက္ကသိုလ်)
“ကျနော် လေ့လာမိသလောက် ကျနော် မမီတဲ့ကာလ ဖြစ်တယ်။ ၈၈ ဖြစ်လာခြင်း အကြောင်းအရင်းက ပြည်သူလူထုတရပ်လုံးရဲ့ အနာပေါ် တုတ်ကျသလို ဖြစ်တဲ့ ခံစားချက်ကြောင့် ဖြစ်လာတယ်ဆိုတော့ အကြောင်းအရာ တခုတည်းကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ ၈၈ အရေးတော်ပုံ ဖြစ်လာရခြင်း အကျိုးဆက်တွေ အများကြီး ရှိတယ်။ တစ တစကနေ အများကြီး ဖြစ်လာတာ။ လူထုရဲ့ ခံစားချက်တွေက အစိုးရအပေါ် မကျေနပ်တဲ့ အချက်တွေ များလာတဲ့အခါမှာ လူထုအုံကြွမှု အကြီးစား ဒီနေ့ ဒီရက်မှာ ဖြစ်သွားတာပေါ့လေ။ အဲဒီလိုပုံစံမျိုးပဲ မြင်ပါတယ်။ အကြောင်းအရာ တခုတည်းကြောင့် မဟုတ်ဘဲနဲ့ စစ်အာဏာရှင် အစိုးရကို မုန်းတီးလာတဲ့စိတ်က အရင်ကတည်းက ရင်ထဲမှာ လှောင်ရင်း အရမ်းများတဲ့အခါမှာ ပွင့်ထွက်လာတဲ့ပုံစံမျိုး ဖြစ်တယ်။”

စုရည်လင်း (တတိယနှစ်၊ စိတ်ပညာဌာန(အဝေးသင်)၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)
“အဲဒီတုန်းက မမီလိုက်ဘူး။ ဒါပေမဲ့ လူကြီးတွေ ပြန်ပြောတာ ကြားရတယ်။ စာတွေ ဖတ်တယ်။ အခု ဒီမှာ ပြပွဲလုပ်တယ်။ အထိမ်းအမှတ် အခမ်းအနားတွေ လုပ်တယ်။ အဲဒီအခါကျတော့ သူတို့နေရာမှာ ငါ ဆိုရင် အဲဒီလောက်ထိ ပေးဆပ်ပြီး လုပ်နိုင်ပါ့မလားပေါ့နော်။ သူတို့ကိုယ်ကျိုးအတွက် လုပ်တာ မဟုတ်ဘူး။ နိုင်ငံ့အကျိုးအတွက် လုပ်တယ်။ ပြည်သူတွေအကျိုးအတွက် လုပ်တယ်ဆိုတော့ ဒါက ကောင်းတဲ့အလုပ်တခုပဲလေ။ သူတို့ရဲ့ လုပ်ရပ်ကို အရမ်းလေးစားတယ်။ တကယ်လို့သာ ငါသာ အဲဒီနေရာမှာဆိုရင် သူတို့လိုမျိုး အကောင်းဆုံး လုပ်နိုင်ပါ့မလား ဆိုတာလည်း စဉ်းစားတယ်ပေါ့နော်။ သူတို့လုပ်ရပ်က သူတို့ခေတ် သူတို့အခြေအနေမှာတော့ အကောင်းဆုံး လုပ်ခဲ့တယ်။ သူတို့ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ခဲ့တယ်။ ကိုယ်တွေကျရင်လည်း တကယ်လို့မှား အဲဒီလိုမျိုး အဖြစ်အပျက်မျိုး အလားတူ ထပ်ကြုံလာရင် သူတို့လောက် မပေးဆပ်နိုင်ရင်တောင်မှ ကိုယ် တတ်နိုင်ဆုံး ပေးဆပ်ဖို့ စဉ်းစားထားပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013