DVB Logo
Home
Lead Story
“ကျောင်းပရဝဏ်အတွင်း ခွပ်ဒေါင်းအလံ စိုက်ထူခွင့်ရဖို့ အသက်သွေးချွေးတွေ အများကြီး ပေးဆပ်ခဲ့ရတယ်” - ရဲဘော်မျိုးဝင်း
DVB
·
August 7, 2018
“ကျောင်းပရဝဏ်အတွင်း ခွပ်ဒေါင်းအလံ စိုက်ထူခွင့်ရဖို့ အသက်သွေးချွေးတွေ အများကြီး ပေးဆပ်ခဲ့ရတယ်” - ရဲဘော်မျိုးဝင်း
Donate to DVB

ကျောင်းနံရံ၊ ကျောင်းပရဝဏ်အတွင်းမှာ ခွပ်ဒေါင်းအလံတွေ ဂုဏ်ယူစွာ စိုက်ထူခွင့်ရဖို့ အသက်သွေးချွေးတွေ အများကြီး ပေးဆပ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောကြားလိုက်ပါတယ်။

နှစ် ၃၀ ပြည့် ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနား ဒုတိယနေ့ကို ရန်ကုန်တက္ကသိုလ်မှာ ဒီနေ့ ဆက်လက်ကျင်းပနေပါတယ်။

ရဲဘော် မျိုးဝင်းက “နှစ် ၃၀ မြောက် အခမ်းအနား ကျင်းပခွင့်ရတဲ့အတွက် အတော်လေး ဝမ်းမြောက်မိပါတယ်။ ဂုဏ်လည်း ယူမိပါတယ်။ ကျောင်းနံရံတဝိုက်၊ ကျောင်းပရဝဏ်အတွင်းမှာ ခွပ်ဒေါင်းအလံတွေ လွှင့်ထူနိုင်တဲ့အတွက်လည်း အများကြီး ဂုဏ်ယူမိတယ်။ ဒါပေမယ့် အခုလိုမျိုး ရရှိလာတဲ့ အခွင့်အရေးဆိုတာကလည်း အသက်တွေ၊ သွေးတွေ၊ ချွေးတွေ အများကြီး ပေးဆပ်ခဲ့ပြီးမှ ရရှိလာတဲ့ အခွင့်အရေးဖြစ်တယ်” လို့ ပြောပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်အရေး ရရှိနေရေး၊ တန်းတူညီမျှရေး စတဲ့ အခွင့်အရေးတွေအတွက် ဆက်လက် တိုက်ပွဲဝင်သွားရမယ်လို့ ပြောပါတယ်။

ရဲဘော်မျိုးဝင်း အပါအဝင် နှစ် ၃၀ ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားကို လာရောက်တဲ့ ရွှေဝါရောင်သံဃာတော်တပါးဖြစ်တဲ့ အရှင်ဦးဥတ္တမ၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန (ရန်ကုန်တက္ကသိုလ်) ကထိက ဒေါက်တာသန်းလွင်ဦး၊ သန်လျင်နည်းပညာတက္ကသိုလ် ကျောင်းသား ရဲမြတ်မင်းတို့ကို ဒီဗွီဘီသတင်းဌာနမှ ကိုအေးနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013