DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် ကုန်တင်ကားကြီးများကို ဖမ်းဆီးစစ်ဆေးနေ
DVB
·
August 7, 2018
တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် ကုန်တင်ကားကြီးများကို ဖမ်းဆီးစစ်ဆေးနေ
Donate to DVB

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့မှာ ဩဂုတ်လ ၂ ရက်က ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံဘက်က လာတဲ့ ကုန်တင်ကား ၃၁ စီးမှာပါရှိတဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာက စိစစ် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဒီကား ၃၁ စီးဟာ တရုတ်နိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတာဖြစ်ပြီး ကားပေါ်မှာ မြေဆီနဲ့ ဓာတ်မြေသြဇာလို့ ယူဆရတဲ့ပစ္ဓည်းတွေ သယ်ဆောင်လာတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဩဂုတ်လ ၂ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ ဆဒုံး ရေတံခွန်အနီး တရုတ်နိုင်ငံမှ ကချင်ပြည်နယ်ဘက်ကို ဝင်ရောက်လာတဲ့ ကား ၃၁ စီးနဲ့ တရုတ်နိုင်ငံသား ၈ ယောက်ကို ဖမ်းဆီးထားတာပါ။

အဆိုပါ တရုတ်နိုင်ငံသား ၈ ယောက်ထဲမှာ ၂ဦးကတော့ လ.ဝ.က စစ်ဆေးချက်အရ တရားမဝင် ဝင်ရောက်လာတာဖြစ်လို့ ဝိုင်းမော်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

ဖမ်းဆီးထားတဲ့ကား ၃၁ စီးမှာပါတဲ့ ပစ္စည်းတွေကိုတော့ သက်ဆိုင်ရာ ဌာနအလိုက် စုပေါင်းပြီး အသေးစိတ် စစ်ဆေးတာတွေ ပြုလုပ်နေပြီး လုံခြုံရေးကိစ္စကိုတော့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013