DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် နှစ်ဦး အမှု နှစ်ဖက်သက်သေများ အားလုံးကို စစ်ဆေးပြီးစီး
DVB
·
August 6, 2018
ရိုက်တာသတင်းထောက် နှစ်ဦး အမှု နှစ်ဖက်သက်သေများ အားလုံးကို စစ်ဆေးပြီးစီး
Donate to DVB

နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ရဲ့ အမှုမှာ နှစ်ဖက်သက်သေတွေ အားလုံးကို ဒီကနေ့ စစ်ဆေးပြီးစီးသွားပြီ ဖြစ်ပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ဒီကနေ့ သြဂုတ် ၆ ရက်မှာ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ၃၄ ကြိမ်မြောက် ရုံးထုတ်ပြီး သတင်းစာဆရာ ဦးရဲနိုင်မိုးနဲ့ ပရဟိတအဖွဲ့က ကိုသန့်ဇင်စိုးတို့ကို သတင်းထောက်တွေရဲ့ နောက်ဆုံး သက်သေအဖြစ် စစ်ဆေးခဲ့ပါတယ်။

သတင်းထောက်တွေဘက်က တင်ထားတဲ့ တယ်လီနောကုမ္ပဏီက သက်သေကတော့ ဘန်ကောက်ကနေ လာဖို့၊ ဘာသာပြန်ထွက်ဆိုဖို့နဲ့ ရုံးချိန်းရက် အကြောင်း မညီညွတ်တာကြောင့် ပယ်ချလိုက်တယ်လို့  တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

လာမယ့် သြဂုတ် ၂၀ ရက်နေ့မှာ ဒီအမှု အပြီးသတ် လျှောက်လဲချက်ကို ကြားနာစစ်ဆေးတော့မယ်လို့  တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

ဒါပေမယ့် အမှုအပြီးသတ် လျှောက်လဲချက်တင်ရမယ့်နေ့မှာတော့ နှစ်ဖက် သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို စုစည်းပြီး ရိုက်တာသတင်းထောက် နှစ်ယောက်လုံးမှာ အပြစ်မရှိကြောင်း တရားရုံးမှာ လျှောက်ထားသွားမယ်လို့လည်း အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။

အမှုအပြီးသတက် လျှောက်လဲချက် ကြားနာစစ်ဆေးပြီးရင် အမိန့်ချဖို့ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ရိုက်တာသတင်းထောက် နှစ်ယောက်ဟာ ရခိုင်ပြည်နယ် အင်းဒင်ရွာလူသတ်မှု အကြောင်း သတင်းဆောင်းပါး ရေးသားဖို့ သတင်းလိုက်ရင်း ၂၀၁၇ ဒီဇင်ဘာလက ဖမ်းဆီးခံထားရတာပါ။ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ) နဲ့ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013