DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 6, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို  ၄၀,၇၀၀ ကျပ်ကနေ ငွေကျပ် ၄၁,၇၀၀ ပေါက်ဈေးရှိပြီး ပြိးခဲ့တဲ့ စနေနေ့ ဈေးနှုန်းအတိုင်း ဈေးအပြောင်းအလဲ မရှိပါဘူး။   မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၄,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး တအိတ်ကို ၂,၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၄၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း တအိတ်ကို ၄၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၃,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ(ဆိပ်ဖြူ)က တပိဿာကို ၄၇၅ ကျပ်ကနေ ၅၇၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄၄၀ ကျပ်ကနေ ၄၈၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တပိဿာကို ၁၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို  ၇၂,၅၀၀ ကျပ်ကနေ ငွေကျပ် ၇၃,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၇၃,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

မြေပဲလုံးဆံနီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ မြေပဲလုံးဆံနီက တပိဿာကို ၂,၆၅၀ ကျပ်ကနေ ၂,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မြေပဲအဓိကထွက်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ တပိဿာကို ၂,၉၀၀ ကျပ်ကနေ ၂,၉၅၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တပိဿာကို ၁၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
ပခုက္ကူကုန်စည်ဒိုင်မှာ နှမ်းညိုအသစ်က တတင်းကို ငွေကျပ် ၄၁,၂၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တတင်းကို ငွေကျပ် ၄၀,၈၇၅ ပေါက်ဈေးရှိပြီး တတင်းကို ၃၇၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တတင်းကို ၃၂၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013