DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းများအားလုံး ပိတ်သိမ်း
DVB
·
August 6, 2018
ပဲခူးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းများအားလုံး ပိတ်သိမ်း
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ထဲမှာ ရေးဘေးသင့်ပြည်သူတွေအတွက် ဖွင့်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေ အားလုံး မနေ့က  ပြန်လည် ပိတ်သိမ်းလိုက်ပြီလို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

ရေပြန်လည်ကျဆင်းသွားတဲ့ သြဂုတ် ၁ ရက်နေ့ကစပြီး ရေဘေးကယ်ဆယ်ရေး စခန်းတွေကို  တဖြည်းဖြည်းပြန် ပိတ်သိမ်းခဲ့ရာမှာ မနေ့ညနေမှာတော့ ကယ်ဆယ်ရေးစခန်း ၅၁ ခုလုံး ပိတ်သိမ်းလိုက်ပြီလို့ ဆိုပါတယ်။

ပဲခူးတိုင်းထဲမှာတော့ မနေ့ညနေအထိ လူပေါင်း ၁၅၀၀၀ ကျော်ဟာ စခန်း ၄၂ ခုမှာ ခိုလှုံနေရဆဲ ဖြစ်ပါတယ်။ ကဝမြို့နယ်မှာတော့  ကယ်ဆယ်ရေးစခန်း ၁ ခု၊ ဒိုက်ဦးမြို့နယ်မှာ ၄ ခု၊ ရွှေကျင်မြို့နယ်မှာ ၂၇ ခု၊ ကျောက်ကြီးမြို့နယ်မှာ ၉ ခု၊ ရွှေတောင်မြို့နယ်မှာ ၁ ခု၊ စုစုပေါင်း ၄၂ ခု ဖြစ်ပါတယ်။

အခုနှစ် ဇူလိုင်နဲ့ သြဂုတ်လအတွင်း ရေကြီးမှုတွေကြောင့် နိုင်ငံတ၀န်း ကယ်ဆယ်ရေးစခန်းပေါင်း ၃၃၈ ခုဖွင့်လှစ်ခဲ့ရာမှာ စခန်းပေါင်း ၁၈၅ ခု ပိတ်သိမ်းပြီးဖြစ်တယ်လို့ လူကယ်ပြန်ဌာနက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

ဓာတ်ပုံ- ပဲခူးတိုင်းအစိုးရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013